22 C
Yangon

ညီနောင်မဟာမိတ် ၃ ဖွဲ့အပါအဝင် မဟာမိတ်တပ်ဖွဲ့များ အားလုံးနှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တသားတည်းရပ်တည်နေဟု ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

Must read

ညီနောင်မဟာမိတ် ၃ ဖွဲ့အပါအဝင် မဟာမိတ်တပ်ဖွဲ့များ အားလုံးနှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တသားတည်းရပ်တည်နေဟု ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

ရန်ကုန်၊ အောက်တိုဘာ ၃၁

စစ်ဆင်ရေး ၁၀၂၇ ဖော်ဆောင်နေတဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့အပါအဝင် မဟာမိတ်တပ်ဖွဲ့များ အားလုံးနဲ့အတူ တစ်နိုင်ငံလုံး က ရပ်တည် နေသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း တသားတည်းရပ်တည်နေကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့

၃၄/၂၀၂၃ ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးမှ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့တာဖြစ်ပါတယ်။

အခုချိန်မှာ ကျွန်တော်တို့အားလုံး သိတဲ့အတိုင်း ညီနောင်မဟာမိတ် (၃) ဖွဲ့နဲ့အတူ မဟာမိတ်ပူးပေါင်းတပ်များက “၁၀၂၇ စစ်ဆင်ရေးကြီး” ကို မဟာဗျူဟာကျကျ ဆင်နွှဲနေပါတယ်။ ရက်တိုကာလအတွင်း ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ကျွန်တော့်အနေနဲ့ အလေးအနက်ထား ဂုဏ်ယူပါကြောင်းပြောလိုပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့ပါတယ်။

လူထုတရပ်လုံးအနေနဲ့လည်း တော်လှန်ရေးရဲဘော်တွေ ပိုမိုပြီး ခွန်အားတက်ကြွစေဖို့ ဆက်ပြီး အခိုင်အမာ အားပေးထောက်ခံသွားကြပါလို့ အထူးတိုက်တွန်း ကြောင်းလည်း ဆက်လက်ပြောကြားခဲ့ပါတယ်။

ဒါ့ အပြင် မင်းအောင်လှိုင်နဲ့ ကိုယ်ကျိုးရှာ အကြမ်းဖက်စစ်တပ်ရဲ့ ဖျားယောင်းမှုမှာ မှိုင်းမိရုန်းကန်နေရသော တိုင်းချစ်ပြည်ချစ် စိတ်ဓါတ်ရှိသည့် ရဲဘော်ရဲဘက်များ၊ ပြည်သူ့စစ်များ၊ ပျူစောထီးများအနေနဲ့ လည်း အချိန်မလင့်မှီ ချက်ချင်း သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် PDFs များထံ လက်နက်ချလာရောက်ပူးပေါင်းကြဖို့ တိုက်တွန်းလိုကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့တာဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article