29 C
Yangon

ကနေဒါနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးအပါအဝင် အဆင့်မြင့် အရာရှိကြီးများနှင့် NUG ဝန်ကြီးများ တွေ့ဆုံဆွေးနွေး

Must read

ကနေဒါနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးအပါအဝင် အဆင့်မြင့် အရာရှိကြီးများနှင့် NUG ဝန်ကြီးများ တွေ့ဆုံဆွေးနွေး

ရန်ကုန်၊ နိုဝင်ဘာ ၁

ကနေဒါနိုင်ငံတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး၊ သမ္မတအကြံပေးနှင့် သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးကျော်ဇော်တို့သည် ကနေဒါ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. David Morrison နှင့် အောက်တိုဘာလ ၃၀ ရက်နေ့၊ Global Affairs Canada ၏ လက်ထောက် ဒုတိယဝန်ကြီး Mr. Weldon Epp အပါအဝင် အဆင့်မြင့်အရာရှိကြီးများနှင့် အောက်တိုဘာလ ၂၇ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေသည့် အခြေအနေများ၊ ASEAN Five Points Consensus အကောင်အထည်ဖော်မှု၊ အကြမ်းဖက်စစ်ကောင်စီအပေါ် ပိုမိုထိရောက်သည့် ဒဏ်ခတ်အရေးယူမှုများ ချမှတ်ရေးများကို ဆွေးနွေးခဲ့ကြကြောင်း‎‎ NUG အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကနေဒါ ဒုတိယဝန်ကြီး Morrison မှ ကနေဒါနိုင်ငံသည် မြန်မာနိုင်ငံ၏ မိတ်ဆွေရင်းချာနိုင်ငံတစ်ခုဖြစ်ပြီး ကနေဒါနိုင်ငံအနေဖြင့် လက်ရှိတွင်လည်း ကူညီလုပ် ဆောင်နိုင်သည့် အရေးကိစ္စများကို အားစိုက် လုပ်ဆောင်လျက်ရှိကြောင်း၊ ယခုထက်ပို၍ ထိထိရောက်ရောက် ကူညီနိုင်မည့် နည်းလမ်းများကိုလည်း ရှာဖွေစူးစမ်းနေကြောင်း၊ လက်ရှိလုပ်ဆောင်နေသည့် ကိစ္စရပ်များအပြင် အခြားလုပ်ဆောင်သင့်သည်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးစေလိုကြောင်း၊ ကနေဒါအစိုးရအနေဖြင့်လည်း အကန့်အသတ်များ ရှိသည့်ကြားမှပင် လုပ်ပေးနိုင်သည့်ကိစ္စရပ်များကို စဥ်းစား လုပ်ဆောင်ပေးဖို့ အဆင်သင့်ရှိကြောင်း ပြောကြားခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရမှ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီအပေါ် လက်ရှိချမှတ်ထားသည့် ဒဏ်ခတ်အရေးယူမှုများအပြင် ပိုမို ထိရောက် ပြင်းထန်သော ဒဏ်ခတ်အရေးယူမှုများကို မြန်မာ့အရေး ထောက်ခံအားပေးနေသည့် နိုင်ငံများကြား ဟန်ချက်ညီ ပူးတွဲ ချမှတ်နိုင်ရေး၊ အုပ်ချုပ်ရေး၊ တရားဥပဒေ စိုးမိုးရေးတို့တွင် လိုအပ်လျက်ရှိသော နည်းပညာ အကူအညီ အထောက်အပံ့များ ပေးအပ်ရန်ကိုလည်း NUG မှ တာဝန်ရှိသူများတိုက်တွန်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများ၊ ပြည်တွင်းစစ်ရှောင်များ အကြောင်းကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article