ဖားကန့်တွင် “၁၀၂၇ စစ်ဆင်ရေး နှင့်အတူ စစ်ကျွန်ဘဝက လွတ်အောင် ရုန်းကြစို့” စာတန်းများ ချိတ်ဆွဲ၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်
ရန်ကုန်၊ နိုဝင်ဘာ ၂
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ဖားကန့်သပိတ်အင်အားစုများက “၁၀၂၇ စစ်ဆင်ရေးနှင့် အတူ စစ်ကျွန်ဘဝကလွတ်အောင် ရုန်းကြစို့” စာတန်းများကို မြို့ပေါ်၊ ရပ်ကွက်နှင့်ကျေးရွာများတွင် ယနေ့ နိုဝင်ဘာ ၂ ရက်နေ့တွင် ချိတ်ဆွဲ ဆန္ဒထုတ်ဖော်ကြကြောင်း သိရှိရသည်။

