28 C
Yangon

ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် ကြူကုတ်(ပန်ဆိုင်းမြို့) တို့ကို စစ်ကောင်စီက လက်လွှတ်လိုက်ရပြီဟု စစ်တပ်သတင်းထုတ်ပြန်ရေးအဖွဲ့ ဇော်မင်းထွန်း ဝန်ခံ

Must read

ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် ကြူကုတ်(ပန်ဆိုင်းမြို့) တို့ကို စစ်ကောင်စီက လက်လွှတ်လိုက်ရပြီဟု စစ်တပ်သတင်းထုတ်ပြန်ရေးအဖွဲ့ ဇော်မင်းထွန်း ဝန်ခံ

■ ၁၀၂၇ စစ်ဆင်ရေး ၇ ရက်မြောက်နေ့တွင် ချင်းရွှေဟော်၊ သိန္နီမြို့၊ ဖောင်းဆိုင်၊ ကြူကုတ်(ပန်ဆိုင်း)မြို့ ၄ ခုကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က သိမ်းပိုက်ထားနိုင်ပြီ

ရန်ကုန်၊ နိုဝင်ဘာ ၂

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ချင်းရွှေဟော်၊ ဖောင်းဆိုင်နှင့် ကြူကုတ်(ပန်ဆိုင်းမြို့) တို့ကို စစ်ကောင်စီက လက်လွှတ်လိုက်ရပြီဟု စစ်တပ်သတင်းထုတ်ပြန်ရေးအဖွဲ့ ဇော်မင်းထွန်း ဝန်ခံပြောဆိုလိုက်သည်။

နိုဝင်ဘာလ ၁ ရက်နေ့တွင် စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ရှမ်းမြောက်ပိုင်းတွင် ဖြစ်ပွားနေရသည့် စစ်ပွဲများအကြောင်း ရှင်းလင်းပြောကြားမှုတွင် စစ်ကောင်စီတပ်အနေဖြင့် မြို့ ၃ ခုကို လက်လွှတ်လိုက်ရပြီဖြစ်ကြောင်း ရှားရှားပါးပါး ဝန်ခံလိုက်ခြင်း ပင်ဖြစ်သည်။

“ဒီအချိန်မှာ အစိုးရရယ်၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေရယ်၊ လုံခြုံရေးအဖွဲ့အစည်းတွေရယ် လက်လွှတ်လိုက်ရတဲ့နေရာတွေရှိပါတယ်။ ဒါတွေကတော့ ချင်းရွှေဟော်၊ ဖောင်းဆိုင်ရယ်၊ ကြူကုတ်ရယ် ဒီ ၃ ခုတော့ရှိပါတယ်” ဟု ဇော်မင်းထွန်းက ဝန်ခံပြောဆိုသည်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၃ ခု၏ ရှေ့တန်းစစ်ရေး သတင်းရင်းမြစ်တချို့ကမူ အောက်တိုဘာလ ၂၇ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ ၁၀၂၇ စစ်ဆင်ရေး ၇ ရက်နေ့မြောက်တွင် မြို့ ၄ ခုကို ထိန်းသိမ်းထားနိုင်ပြီဖြစ်ပြီး ချင်းရွှေဟော်၊ သိန္နီမြို့၊ ဖောင်းဆိုင်နှင့် ကြူကုတ် (ပန်ဆိုင်း) ကိုပါ သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article