ကော့ကရိတ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၆ ခုကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲတိုက်ခိုက်၊ ငါန်းဇွန်ရှိ ကျင်းသာဘုန်းကြီး၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်မှု ၁ ဦးသေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၂
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြို့မရဲစခန်း၊ ခမရ ၉၇ တပ်ရင်းအပါအဝင် စစ်တပ် တပ်စွဲထားသော နေရာ ၆ ခုကို မောင်းသူမဲ့ လေယာဉ်ငယ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း KLOUD တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အောက်တိုဘာ ၂၇ ရက်နှင့် ၂၈ ရက်နေ့တို့တွင် ကော့ကရိတ်မြို့နယ်အတွင်းရှိ ညောင်ပင်ဂိတ်၊ အမှတ် ၃ ဂိတ် ၊ ခမရ ၉၇ တပ်ရင်းဝန်း ၊ ကော့ကရိတ် မြို့မရဲစခန်း ၊ ရွှေနတ်တောင် ၊ချောင်းဆုံ ဘုန်းကြီးကျောင်း အနီး စစ်ကောင်စီတပ်သားများတပ်စွဲရာနေရာ ၊ မြို့တော်ဦး ဘုန်းကြီးကျောင်း အနီး စစ်ကောင်စီတပ် သား များ တပ်စွဲရာနေရာများကို မောင်းသူမဲ့လေယာဉ် ငယ်များဖြင့် အကြိမ်ရေ ၂၀ ထက်မနည်း ဗုံးသီး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ကျားဖြူစစ်ကြောင်းတပ်ခွဲ ၅ ၊ Justice Soldier-PDF ၊ Shar Htoo Waw နည်း ပညာဖြင့် Kloud ၊ Angry Bird Drone Ranger နှင့် Power Of Ababil (POA)တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ ကျင်းသာ ဘုန်းကြီးကျောင်း၀န်း အတွင်းတပ်စွဲ အထိုင်ချ ထားသည့် စစ်သားများကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အောက်တိုဘာလ ၃၁ ရက်နေ့က ငါန်းဇွန်မြို့နယ်၊ ကျင်းသာဘုန်းကြီးကျောင်းအတွင်း အင်အား ၃၀ ခန့် ဖြင့် အထိုင်ချတပ်စွဲထားသော စစ်သားများကို Drone ဖြင့် ဝေဟင်မှ ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ဦး ပွဲချင်းပြီးသေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
“မြို့သာရဲစခန်းဘက်က နေထွက်လာပြီးတော့ အဲနားလေးမှာ သူတို့က သွားလိုက် ပြန်လိုက် တခြား ရွာတွေလည်း ဝင်လိုက်နဲ့ ရွာတွေကို တစ်လှည့်စီလိုက်ပြီး တပ်စွဲနေတာ၊” ဟု နွားထိုးကြီး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ် – ၄ တပ်ရင်း၊ ငါန်း ဇွန်မြို့ နယ် ပကဖ နှင့် မြင်းခြံခရိုင် တပ်ရင်း ၆ တပ်ခွဲ ၂ တပ်ခွဲ ၃ Special Task Force Ngazun တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
