39 C
Yangon

ပုလဲမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများနှင့် ယာဥ်တန်းတို့ကို ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

Must read

ပုလဲမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများနှင့် ယာဥ်တန်းတို့ကို ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ထွေအုပ်ရုံး၊ စာသင်ကျောင်းနှင့် ယာဥ်တန်းတို့ကို ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ကြောင်း Chindwin Toe Na Yar PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၃၀ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်မှ ၁၁ နာရီ ၃၀ မိနစ်ထိ ပုလဲမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော ထွေအုပ်ရုံး၊ စာသင်ကျောင်းနှင့် စစ်ယာဥ်တန်းများကို တော်လှန်ရေး တပ်ဖွဲ့များက ပထမအကြိမ် ၆၀ မမ၊ ၈၀ မမ၊ ၉၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၄ ဦး သေဆုံးပြီး စစ်သား ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်မှ ၁၂ နာရီ ၃၀ မိနစ်ထိ ပုလဲမြို့ပေါ် စစ်ခွေးနှင့်ပျူစောထီးခွေးများအထိုင်ချထားသော ထွေအုပ်ရုံး၊ စာသင်ကျောင်း နှင့်စစ်ခွေးကားယာဉ်တန်းများကို ဒုတိယအကြိမ် တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ၊ ၈၀ မမ၊ ၉၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Chindwin Toe Na Yar PDF ၊ BRA ၊ မျိုးဆက်သစ်လူငယ် ၊ SKY ၊ Finish Fighter ၊ တော်လှန်ပျောက်ကြား ၊ ယင်းမာပင် တပ်ရင်း ၂၉ ခွဲ ၂ ၊ သခင်ဒေါင်းညို ၊ BED ငညို ၊ သေမင်းတမန် ၊ ရွှေညီကို နောင်ကြီး ၊ SRA တောင်ပန်နီ ၊ REAL HEROS ၊ ဇာနီသွေး ၊ ဖီးနစ် ၊ တပ်ရင်း ၂၉ ခွဲ ၂ ၊ SKy တပ်ဖွဲ့ ၊ ပုလဲဂျော်ကာတပ်ဖွဲ့ နှင့် တော်လှန် ပျောက်ကျား မဟာမိတ် အဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article