Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ နိုဝင်ဘာ ၃ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရွှေလီကြိုး-တံတားအနီးက အကြမ်းဖက် စစ်ကောင်စီရဲ့ ခမရ ၄၂၃ ရဲ့ ရှေ့တန်း တပ်စခန်း၊ မန်တုံ-ရဲစခန်း နဲ့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် စခန်းအပါအဝင် ၊ နောင်ချို မြို့နယ် ကွန်ခါ စစ်တပ် စခန်းတွေကို ၁၀၂၇ စစ်ဆင်ရေးရဲ့ ၈ မြောက်နေ့အဖြစ် ညီနောင်မဟာမိတ်တွေကနေ ထပ်မံ သိမ်းပိုက်လိုက်ပြီလို့ TNLA ကနေ သတင်းထုတ်ပြန်ထားပါတယ်။
-ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ပေါ်မှာ ဒီကနေ့ နိုဝင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းမှာ တိုက်ပွဲပြင်းထန် နေပြီး အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်လေယာဉ်တွေ ၊ ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခဲ့ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် မြို့မရဲစခန်း နဲ့ အထက ၁ ကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ် စ ခန်း ၂ ခုကို တော်လှန်ရေး တပ်ဖွဲ့တွေကနေ ဒီကနေ့မှာပဲ တိုက်ခိုက်သိမ်းပိုက်ထားပြီး ၊ ကောလင်းမြို့က ထွေအုပ်ရုံးကို လည်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေကနေ ဝိုင်းထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
