35 C
Yangon

မြိုင်တွင် စစ်ယာဥ်တန်း မိုင်းဆွဲခံရပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားသောကြောင့် စစ်တပ်က စီလောင်ရွာရှိ စီးနင်းပြီး အဖွားအို ၁ ဦးကို မီးရှို့သတ်ဖြတ်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီး

Must read

မြိုင်တွင် စစ်ယာဥ်တန်း မိုင်းဆွဲခံရပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားသောကြောင့် စစ်တပ်က စီလောင်ရွာရှိ စီးနင်းပြီး အဖွားအို ၁ ဦးကို မီးရှို့သတ်ဖြတ်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ နိုဝင်ဘာ ၃

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်း မိုင်းဆွဲခံရပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားသောကြောင့် စစ်တပ်က စီလောင်ရွာရှိ စီးနင်းပြီး အဖွားအို ၁ ဦးကို မီးရှို့သတ်ဖြတ်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂ ရက်နေ့ ည ၁၀ နာရီခန့်တွင် ပခုက္ကူမြို့မှ မြိုင်မြို့ကို လာသော စစ်ကား ၄ စီးပါ ယာဥ်တန်းကို မြိုင်မြို့နယ် ကျောက်ဆောက်ရွာနှင့် ထန်ငယ်တောရွာ အကြားတွင် ဗိုလ်မြွေဆိုးအဖွဲ့ ၊ နှလုံးလှလူမိုက်အဖွဲ့ နှင့် Mဒေါင်းနီးအဖွဲ့တို့က ည ၁၂ နာရီ မိနစ် ၄၀ ခန့်ကစ၍ ပဒေသာမိုင်း၊ ပေပါမိုင်းများဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ယာဥ်တန်းသည် ထိခိုက်ဒဏ်ရာရရှိသူ များပြားသောကြောင့် အနီးအနားရှိ စီလောင်ရွာကို ဝင်ရောက်စီးနင်းပြီး အသက် ၇၀ အရွယ် အဖွားအို ၁ ဦးကို မီးရှို့သတ်ဖြတ်ကာ နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရရှိသော စစ်သားများကို မြိုင်မြို့မ ဆေးရုံတွင် ပို့ဆောင်သွားကြောင်း၊ မြိုင်မြို့နေ ပြည်သူများအနေဖြင့်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်း မြိုင်မြို့ကို ရောက်ရှိနေပြီ ဖြစ်သောကြောင့် သတိရှိစွာ သွားလာ နေထိုင်ကြရန် မြိုင်ပကဖ က အသိပေး ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article