29.6 C
Yangon

ရွှေဘိုမြို့ပေါ်ရှိ ဗိုလ်ကြီး ၁ ဦး၏ နေအိမ်နှင့် ကင်းပုန်းဝပ်နေသော စစ်သားများကို လက်ပစ်မိုင်း ပစ်သွင်း တိုက်ခိုက်

Must read

ရွှေဘိုမြို့ပေါ်ရှိ ဗိုလ်ကြီး ၁ ဦး၏ နေအိမ်နှင့် ကင်းပုန်းဝပ်နေသော စစ်သားများကို လက်ပစ်မိုင်း ပစ်သွင်း တိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၅

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ ဗိုလ်ကြီး ၁ ဦး၏ နေအိမ်နှင့် ကင်းပုန်းဝပ်နေသော စစ်သားများကို လက်ပစ်မိုင်း ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင်

ရွှေဘိုမြို့ အမှတ် ၁၀ ထူထောင်ရေး ရပ်ကွက်၌ နေထိုင်သော ဗိုလ်ကြီး စည်သူမျိုး၏ နေအိမ်ကို တော်လှန်ရေး တပ်ဖွဲ့များက လက်ပစ်မိုင်း ၁ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ခဏအကြာတွင် အရေးပေါ်ကား ရောက်ရှိလာပြီး ၄၂ တပ်ရင်းရှိ စစ်ဆေးခန်းကို မောင်းနှင်သွားကာ ဒဏ်ရာရသူများ သေဆုံးမှုရှိမရှိ အတည်မပြု နိုင်သေးကြောင်း သိရှိရသည်။

အလားတူ ယင်းနေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ကားကြီးကွင်းဘေး ကင်းဝပ်နေသော အကြမ်းဖက် စစ်သားများကို ထပ်မံပြီး လက်ပစ်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်း၊ တပ်ခွဲ ၁ NaungYoe Armyခ၊ ရွှေဘိုကျားကြီး ၊ Revulotion Soldier တပ်ခွဲ ၂ ၊ ရှိမ်းမကား တိုက်နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၊ တိုက်နယ် ၄ ရွေ့လျားမိုင်းတပ်ဖွဲ့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article