32 C
Yangon

မြန်မာပြည်သူတွေကို သတ်ဖြတ်နေတဲ့ မင်းအောင်လှိုင်နဲ့ စစ်ကောင်စီကို အကာအကွယ်ပေးနေတဲ့ သံတမန် အမည်ခံ အသံတိတ်လူသတ်သမား ၂ ဦး

Must read

မြန်မာပြည်သူတွေကို သတ်ဖြတ်နေတဲ့ မင်းအောင်လှိုင်နဲ့ စစ်ကောင်စီကို အကာအကွယ်ပေးနေတဲ့ သံတမန် အမည်ခံ အသံတိတ်လူသတ်သမား ၂ ဦး

ရန်ကုန်၊ နိုဝင်ဘာ ၅

မြန်မာပြည်သူတွေအပေါ် နေ့စဉ်နဲ့အမျှ ရက်စက်၊ သတ်ဖြတ်နေတဲ့ စစ်ကောင်စီကိုပဲ လူထုက အာရုံစိုက်နေချိန်မှာ မြန်မာစစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်နိုင်အောင်လို့ စွမ်းစွမ်းတမံ အကာအကွယ်ပေး၊ အချိန်ဆွဲပေးနေတဲ့ သံတမန် အမည်ခံ လူသတ်သမား ၂ ယောက်ကို ပြည်သူတွေ သတိမထားမိကြပါဘူး။

ဥရောပသမဂ္ဂ နဲ့ ဥရောပနိုင်ငံတွေမှာ သူတို့၂ ယောက်ရဲ့ ကြိုးပမ်း ဆောင်ရွက်ချက်တွေကြောင့် မြန်မာစစ်တပ်ဟာ ထင်သလောက် အရေးယူမခံရဘဲ ခုချိန်ထိ အေးအေး လူလူဆက်ပြီး လူသတ်နိုင် နေတာဖြစ်ပါတယ်။ သူတို့ ၂ ယောက်ထဲကတစ်ယောက်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ စစ်တပ်ဘက်ကနေ ပြောင်ပြောင် တင်းတင်း ရပ်တည်ပေးလို့ စစ်တပ်လိုလားတဲ့ မီဒီယာတွေမှာ ချီးကျူးဂုဏ်ပြုခံရတဲ့ စစ်ကောင်စီသံအမတ် စိုးလင်းဟန်ပါ။

စိုးလင်းဟန်က ဆွေးနွေးပွဲတွေမှာ စစ်ကောင်စီရဲ့ သတင်းပေး တွေနဲ့ အုပ်ချုပ်ရေးမှူးတွေ အသတ်ခံရမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေကို ပြန်ပြီး မေးခွန်းထုတ်ခဲ့တာပါ။ ဒီအတွက်ကြောင့်လည်း အကြမ်းဖက်စစ်ကောင်စီက စိုးလင်းဟန်ကို တော် တော် သဘောကျနေပုံရပါတယ်။ ဒါပေမယ့် စစ်ကောင်စီက ပေးတာယူ၊ ကျွေးတာစားပြီး စစ်ကောင်စီရဲ့ အစာခွက်မှာ ဒူးထောက်လျက်သားဖြစ်နေတဲ့ စိုးလင်းဟန်ဟာ စစ်တပ်က သတ်ဖြတ်လို့ သေဆုံးခဲ့ ရတဲ့ မြန်မာပြည်သူ ၄၀၀၀ ကျော်အတွက် တရားမျှတမှုကိုတော့ တစ်ခါမှ အသံမထွက်ခဲ့တာကို မထူးဆန်းစွာနဲ့ပဲ တွေ့လိုက်ရပါတယ်။

နောက်တစ်ဦးကတော့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးက ပြည်သူတွေဟာ ကချင်ပြည် မုန်လိုင်ခက်မှာ အပြစ်မဲ့သေဆုံးသွားခဲ့ရတဲ့ လူမမယ် ကလေးငယ်တွေ၊ အရပ်သားပြည်သူ တွေအတွက် ဝမ်းနည်းဆို့နင့်နေရတဲ့အချိန်မှာ စစ်ကောင်စီရဲ့ မြန်မာသံအမတ် မင်းသိန်းနဲ့ သူ့မိန်းမ ကတော့ သူတို့ရဲ့Anniversary ကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနေပါတယ်။ ဒီလိုလူဟာ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ နိုင်ငံရပ်ခြား အလည်အပတ်ခရီးတွေမှာ နောက်ကွယ်မှာ မကြာခဏတွေ့ရှိခဲ့ရသူ ဖြစ်ပါတယ်။ သူက NLD အစိုးရလက်ထက်မှာပဲ သံအမတ်ဖြစ်ခဲ့တာပါ။

“ရုံးထဲမှာတော့ သူ့ကို ကြောင်ချီး လို့ ကွယ်ရာမှာခေါ်ကြပါတယ်။ ပျော့ပျော့လေးနဲ့နံလို့လေ။ သူ့အရည်အချင်းကြောင့် မဟုတ်ဘဲ သူ့မိန်းမ မျိုးပထွန်းက အထက်လူကြီးတွေကို ဖင်လျက်ဆားဖြူးလုပ်ပြီးဖားလွန်းလို့ သံအမတ် ဖြစ်သွားတာပါ” လို့ အမည်မဖော်လိုတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အငြိမ်းစားတစ်ဦးက ပြောပါတယ်။

မင်းသိန်းဟာ ဥရာပဘက်မှာ တက်တက်ကြွကြွလုပ်ပေးလွန်းလို့ စစ်ကောင်စီရဲ့ စာမျက်နှာတွေမှာလည်း မကြာခဏဖော်ပြခံခဲ့ရတာကို တွေ့ရပါတယ်။ မြန်မာသံတမန်အသိုင်းအဝိုင်း နဲ့ နီးစပ်သူတစ်ဦးကတော့ “ ဒီလူတွေက မရှက်တတ်ကြတော့ဘူးဗျ၊ ပြည်သူတွေကလည်း သူတို့ရဲ့ လုပ်ရပ်တွေကို မေ့မေ့လျော့လျော့ဖြစ်နေကြတော့ မျက်နှာပြောင်တိုက်ရဲလာကြတာ၊ စစ်တပ်က လာတဲ့ မိုးကျရွှေကိုယ် အသွင်ပြောင်းသံအမတ်တွေတောင် သူတို့လောက် တက်တက်ကြွကြွဖြစ် မနေဘူး” လို့ မှတ်ချက်ပေးပါတယ်။

တကယ်တော့ ဒီလူတွေက သူတို့မိသားစုဘဝသာယာဖို့၊ သူတို့ရာထူးတွေ ဆက်ပြီးတည်မြဲဖို့အတွက် မြန်မာပြည်သူတွေရဲ့ အသက်တွေ၊ ဘဝတွေကို ချနင်းပြီး စစ်ကောင်စီအတွက် လိမ်လည်လှည့်ဖျား ပေးတဲ့အလုပ်တွေကို လုပ်ပေးနေကြတာပါ။ သူတို့ဟာ တကယ်တော့ စစ်ကောင်စီအတွက် အရမ်းကို အသုံးဝင်တဲ့ အသံတိတ် လူသတ်သမားတွေပဲ ဖြစ်ပါတယ်။ သူတို့လိုလူစားတွေ အများကြီးရှိနေသေး လို့ ပြည်သူတွေအနေနဲ့ ဆက်လက်ဖော်ထုတ်သွားဖို့လည်း အချိန်ကျနေပါပြီ။

Photo – AP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article