Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ပြည်သူ အားလုံးပါဝင်နိုင်မယ့် “အောင်သပြေ လူထုလှုပ်ရှားမှုကြီး”ကို ၁၁၁၁ (၁ လေးလုံး) နေ့ဖြစ်တဲ့ ဒီကနေ့ နိုဝင်ဘာ ၁၁ ရက်နေ့တွင် ပြုလုပ်နေပြီဖြစ်ရာ ပြည်သူများက အောင်အတိတ် အောင်နိမိတ် ဆောင်တဲ့ သပြေပန်းကို အသုံးပြု ပါဝင်ကြဖို့ တော်လှန်ရေးအင်အားစုများက တိုက်တွန်းထား ပါတယ်။
– ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တရားရုံးအနီး မနေ့ညက ဗုံး ၂ လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိနိုင်တယ်လို့ ဒေသနေပြည်သူတွေက ပြောပါတယ်။
– အကြမ်းဖက်စစ်ကောင်စီက ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို လာဘ်ပေး လာဘ်ယူမှု ကျူးလွန်တယ်လို့ဆိုကာ စစ်ခုံရုံးက ထောင်ဒဏ် ၅ နှစ်ချမှတ်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
