30 C
Yangon

တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိသော ကောလင်းမြို့မ ရဲစခန်းမှ နိုင်ငံရေးအကျဉ်းသားများကို ဂုဏ်ပြုအားပေးစကား ပြော ကြား၍ ပြန်လွှတ်ပေး

Must read

တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိသော ကောလင်းမြို့မ ရဲစခန်းမှ နိုင်ငံရေးအကျဉ်းသားများကို ဂုဏ်ပြုအားပေးစကား ပြော ကြား၍ ပြန်လွှတ်ပေး

ရန်ကုန်၊ နိုဝင်ဘာ ၁၁

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိသော ကောလင်းမြို့မ ရဲစခန်းမှ နိုင်ငံရေးအကျဉ်းသားများကို ဂုဏ်ပြုအားပေးစကား ပြော ကြား၍ ပြန်လွှတ်ပေးလိုက်ကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်ကို သိမ်းပိုက်ရရှိပြီးနောက် မဟာမိတ်တပ်ဖွဲ့ဝင်များ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် ကောလင်းမြို့မ ရဲစခန်းအချုပ်တွင် ချုပ်ထားသော နိုင်ငံရေးအကျဉ်းသား ၆၃ ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း၊ ယင်းအချုပ်ခန်းတွင် အကျဉ်းသား/အချုပ်သား စုစုပေါင်း ၉၈ ဦးရှိပြီး ၎င်းတို့ကို စိစစ်၍ နိုင်ငံရေးအကျဉ်းသားများကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသား များကို တစ်ဦးလျှင် ငွေကျပ် ၅၀၀၀၀ ကျပ်စီ ထောက်ပံ့ပေးခဲ့ပြီး ခရိုင်ကွပ်ကဲရေးမှူး၊ ခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ တိုင်းပြည်သူ့ကာကွယ်ရေး တာဝန်ခံ နှင့် ခရိုင်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ခေါင်းဆောင်တို့က ဂုဏ်ပြု အားပေးစကားများ ပြောကြားခဲ့ကြောင်း၊ ကျန်ရှိနေသည့် အချုပ်သား/အကျဉ်းသားများကိုလည်း စိစစ်၍ တရားဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရန် ပြင်ဆင်လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article