လားရှိုးမြို့ရှိ တိုင်းစစ်ဌာနချုပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ပြီး ရှီယွင်ကြည်ရွာအနီးရှိ စစ်တပ်ဗျူဟာ ကုန်းမှ တွဲဖက် စခန်း ၄ ခုကို ထပ်မံ သိမ်းပိုက်ရရှိ
ရန်ကုန်၊ နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အကြမ်းဖက်စစ်တပ်၏ တိုင်းစစ်ဌာနချုပ်ကို လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရှီယွင်ကြည်ရွာအနီးရှိ စစ်တပ် ဗျူဟာကုန်း၏ တွဲဖက်စခန်း ၄ ခုကို ထပ်မံ သိမ်းယူနိုင်ခဲ့ကာ စုစုပေါင်း စစ်တပ်စခန်း ၁၃၆ ခုရရှိထားကြောင်း MNSAA ၏ သတင်းပြန်ကြားရေး The Kokang က သတင်း ထုတ်ပြန်ထားသည်။
ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၈ နာရီ ၁၀ မိနစ်ခန့်က ရှီယွင်ကြည်ရွာအနီး ဟဲ့ဟုတ်တောင်ရှိ ၁၂၈ ဗျူဟာကုန်း၏ တွဲဖက်စခန်း ၄ ခုကို ကိုးကန့် MNDAA က တိုက်ခိုက်သိမ်းယူခဲ့ကာ အကြမ်းဖက် စစ်ကောင်စီအဖွဲ့ဝင် ၂ ဦး ဖမ်းမိပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိရှိခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၂ နာရီ ၂၃ မိနစ်နှင့် ၂ နာရီ ၅၈ မိနစ်အထိ လားရှိုး အမှတ် ၂ ရဲစခန်း နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ၊ ၄၁ ဗျူဟာကုန်းတို့ကို ကိုးကန့် MNDAA တပ်ဖွဲ့က အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ကိုးကန့်ခရိုင် ဟုန်ရှင်းဒေသ ချုံကန်ရွာအုပ်စု ၊ ရှီးရှမ်းဒေသ မန်လော်ရွာ အုပ်စု နှင့် တာရွှေထန်ရွာအုပ်စု ၊ တုန်းရှမ်းဒေသ ထိုက်ဖင်ရွာအုပ်စု ကွမ်းလုံသံလွင်မြစ် အနောက်ဘက် ခြမ်း စသည့်နေရာ များတွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ ညနေ ၅ နာရီတွင် ချုံကန်ရွာအုပ်စု၊ မိုင်းဟုန် အနောက်ဘက်တောင်ကုန်းရှိ စစ်ကောင်စီတပ်စခန်းကို ကိုးကန့် MNDAA နှင့် ဒေသလုံခြုံရေးအဖွဲ့ တို့က ထိုးစစ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
တာရွှေထန်ရွာအုပ်စု၊ ဖုန်းချွေးတောင်တပ်စခန်းကို ကိုးကန့် MNDAA က လေကြောင်းဖြင့် ဗုံးကျဲ တိုက် ခိုက် ခဲ့ပြီး မွန်းလွဲ ၂ နာရီခန့်တွင် မြေပြင်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၃ နာရီအချိန် သိမ်းပိုက်နိုင် ခဲ့ကြောင်း၊ ၎င်းစခန်းကို ထိုးစစ်ဆင် တိုက်ခိုက်ချိန်တွင် စစ်ကောင်စီ၏ စခန်းစောင့်အဖွဲ့ဝင်များမှာ ကြောက် ရွံ့ထိတ်လန့်ပြီး ထွက်ပြေးခဲ့ကြကြောင်း သိရသည်။
မန်လော်ရွာအုပ်စု၊ ရန်ခန့်နှင့် လန့်ချောင်းနေရာရှိ စစ်ကောင်စီ၏ တပ်စခန်းကို ကိုးကန့် MNDAA က အမြောက်ဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယခင် ရက်ပိုင်းက သိမ်းပိုက်ထားသော ကြည် ရှမ်း စခန်း၏ အနောက်ဘက်တကြောတွင် စစ်ကောင်စီဘက်မှ စွန့်လွှတ်ကျန်ရစ်ထားသည့် ရုပ်အ လောင်း ၂ လောင်းတွေ့ရခဲ့ကြောင်း သိရသည်။
ထိုက်ဖင်ရွာအုပ်စု၊ တာတုန်းစခန်းနှင့် ဟဲ့ဟုတ်တောင်ဗျူဟာကုန်းအနီးစခန်းကို ကိုးကန့် MNDAA က တိုက်ခိုက် သိမ်းယူပြီး တုန်းရှမ်းဒေသ လောက်ချွင်ဘုနေရာကို ပြန်လည်သိမ်းယူခဲ့ကြောင်း၊ ထို့ပြင် ကိုး ကန့် ခရိုင် တာရှိကန်ပါး နေရာ၌ စစ်ကောင်စီအဖွဲ့ဝင် ၁ ဦးကို M-16 သေနက် ၁ လက် ၊ ကျည်ဘောက် ၁ ခုနှင့် ကျည်အတောင့် ၂၅ တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
မူပန်(သိန္နီ)ဒေသ ဟိုပင်ရွာအုပ်စု ၊ မိုင်းတင်လက်ဖက်တောင်ကုန်း နှင့် မိုင်းတင်နောက် ပိုက်ထတောင် ကုန်းရှိ စစ်ကောင်စီစခန်းကို ကိုးကန့် MNDAA က အမြောက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။