25 C
Yangon

ဒီးမော့ဆိုမြို့နယ်၊ ဘုရားဖြူ စခန်းနှင့် နန်းစံခမ်း စခန်းသိမ်းတိုက်ပွဲတွင် စစ်သုံ့ ပန်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ ကရင်နီတွင် စစ်တပ်၏ စစ်စခန်း ၁၀ ခုနီးပါးကို သိမ်းပိုက်ထား

Must read

ဒီးမော့ဆိုမြို့နယ်၊ ဘုရားဖြူ စခန်းနှင့် နန်းစံခမ်း စခန်းသိမ်းတိုက်ပွဲတွင် စစ်သုံ့ ပန်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ ကရင်နီတွင် စစ်တပ်၏ စစ်စခန်း ၁၀ ခုနီးပါးကို သိမ်းပိုက်ထား

ရန်ကုန်၊ နိုဝင်ဘာ ၁၂

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဘုရားဖြူစခန်းနှင့် နန်းစံခမ်း စခန်းသိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ကရင်နီ ၁၁.၁၁ စစ်ဆင်ရေး (11.11 Operation) ကို နိုဝင်ဘာ ၁၁ ရက်နေ့ စတင်၍ KA၊ KNDF၊ KNPLF၊ DMO- Local PDF၊ မြို့ပြပျောက်ကြားတပ်တို့နှင့်အတူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရှမ်းတောင်-ကယား(ကရင်နီ) စစ်တိုင်းဌာနမှ လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ဖရူဆိုနှင့် ရှမ်းတောင် PDF တပ်ရင်းများက ပူးပေါင်းတိုက်ခိုက်လျက်ရှိရာ ဒီမောဆိုမြို့နယ် ဘုရားဖြူစခန်းနှင့်နန်းစံခမ်း စခန်း သိမ်းပိုက်စဉ် ကရင်နီတော်လှန်ရေးအဖွဲ့အစည်းများက သိမ်းပိုက် ရရှိသော လက်နက်များနှင့်စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများကို ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လာခြင်းဖြစ်သည်။

လက်ရှိတွင် ကရင်နီပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၁၀ ခုနီးပါးကို ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ရရှိထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article