25 C
Yangon

မိုးကောင်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ စပါးကုန်းစခန်းကို တိုက်ခိုက်သိမ်း ပိုက်၊ ပြည်မြို့ စည်ပင်ရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

Must read

မိုးကောင်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ စပါးကုန်းစခန်းကို တိုက်ခိုက်သိမ်း ပိုက်၊ ပြည်မြို့ စည်ပင်ရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၁၂

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ရှိ ဒေသအခေါ် စပါးကုန်းစစ်တပ်စခန်းကို ၁၁၁၁ စစ်ဆင်ရေး အဖြစ် ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း မိုးကောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာ ၁၀ ရက် နံနက် ၆ နာရီမှ စ၍ ၁၀၂၇ စစ်ဆင်ရေးကို ကြိဆိုသောအားဖြင့် မိုးကောင်းမြို့နယ်၊ စပါးကုန်းရှိ စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၁၁ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီး ၁၁၁၁ စစ်ဆင်ရေးတွင် ပါဝင်ခဲ့ကြောင်း၊ ထို့အပြင် နိုဝင်ဘာလ ၁၁ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် မိုးကောင်းမြို့နယ်၊ ဆားမှော်ကျေးရွာရှိ ခလရ ၁၀၅ တပ်နှင့် ဆားမှော်ရွာ အဝင်ရှိ ပြည်သူ့စစ်ဂိတ်ကို ပစ်ခတ်တိုက်ခိုက်ကာ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်မှုအများအပြားရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ အပြစ်မဲ့ ပြည်သူတစ်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

မိုးကောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် စစ်ဆင်ရေးများကို ပိုမို တိုးချဲ့ဖော်ဆောင်သွား ဖြစ်ပြီး ပြည်သူများအနေဖြင့် ယခင်ကထက် ဆတိုး ပိုမိုပါဝင်ပေးကြပါရန် မေတ္တာရပ်ခံ တောင်းဆိုထား သည်။

အလားတူ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့ကမ်းနားလမ်းရှိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စည်ပင်ရုံးကို ၁၁၁၁ စစ်ဆင်ရေးအဖြစ် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Bago Region PDF ထံမှ သိရသည်။

ယမန်နေ့ နိုဝင်ဘာ ၁၁ ရက်နေ့ ည ၈ နာရီခွဲခန့်က ပြည်မြို့ကမ်းနားလမ်းရှိ စစ်ကောင်စီလက်အောက်ခံ စည်ပင်ရုံးကို ၁၁၁၁ စစ်ဆင်ရေးအဖြစ် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆို ပါတိုက်ခိုက်မှုကို ၁၀၂၇ စစ်ဆင်ရေး၊ ၁၁၀၇ စစ်ဆင်ရေးနှင့် ၁၁၁၁ စစ်ဆင်ရေးတို့ကို ဆင်နွှဲနေကြသည့် တော်လှန်ရေး ညီနောင်များနှင့်အတူ တစ်သားတည်းရှိကြောင်း ဂုဏ်ပြုပြသသည့်အနေဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ဖြစ်ကြောင်း သိရသည်။

အဆိပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်ခရိုင် တပ်ရင်း ၃၆၀၂၊ တပ်ခွဲ ၁ က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုပြင် ပြည်မြို့ရှိ ပြည်သူများအနေဖြင့် စစ်အာဏာ ရှင်စနစ် အမြစ်ဖြတ် ရေးအတွက် တနိုင်ငံလုံး လက်တွဲညီညီဖြင့် တိုက်ပွဲဝင် ကြိုးစားနေချိန်၌ အကြမ်းဖက်စစ်ကောင်စီက ဟန်ပြပြုလုပ်နေသည့် အတုယောင် ပျော်ပွဲရွှင်ပွဲများတွင် မပါဝင်ဘဲ သပိတ်မှောက်ဆန့်ကျင်ကြရန်၊ စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးနှင့် တော်လှန်ရေးတွင် ယခင်ထက်ပိုမို၍ စွမ်း ဆောင်ပါဝင်ပေးကြပါရန် တိုက်တွန်းအပ်ကြောင်း ထုတ်ပြန်ထားသည်။

နွေဦးတော်လှန်ရေး၏ စစ်ရေးအရှိန်သည် အချိန်နေရာမရွေး မြင့်တက်လာပြီဖြစ်ရာ ပြည်သူများအ နေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ တပ်ဖွဲဝင်များ၊ ၎င်းတိုလက်အောက်ခံ ရဲတပ်ဖွဲဝင်များ၊ ပျူစော ထီးများ ရှိရာနေရာများတွင် အနီးကပ်သွားလာနေထိုင်ခြင်းမျိုး မပြုလုပ်ကြရန်နှင့် ၎င်းတို့၏ လှုပ်ရှား သွား လာမှုများကို တော်လှန်ရေးတပ်ဖွဲများထံ အချိန်နှင့်တပြေးညီ တိကျသည့်သတင်းများပေးပို့ ကြ ပါရန် Bago Region PDF က မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ- မိုးကောင်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ စပါးကုန်းစခန်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article