ပုသိမ်-မုံရွာ လမ်းပိုင်းရှိ ယမားတံတားပေါ်တွင် ရွာပေါင်းစုံ သပိတ် အင်အားစုများက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ
ရန်ကုန်၊ နိုဝင်ဘာ ၁၃
ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့၌ ” ၁၀၂၇ ဖက်ဆစ် စစ်တပ်ကို စွန့်ခွာကြ ပြည်သူ့ရင်ခွင်ခိုလုံကြ” စာတန်း ကိုင်ဆောင်ကာ ပုသိမ်-မုံရွာ လမ်းမပေါ်ရှိ ယမားတံတားပေါ်တွင် ဆန္ဒပြခဲ့ကြောင်း သိရသည်။။