ခင်ဦးမြို့နယ်တွင် NUG အစိုးရနှင့် ပြည်သူများ ပူးပေါင်းပြီး ကွန်ကရစ် တံတား တည်ဆောက်ဖွင့်လှစ်
ရန်ကုန်၊ နိုဝင်ဘာ ၁၃
ခင်ဦးမြို့နယ်ရှိ ပြည်သူများ သွားလာရ အဆင်ပြေစေရန် အမျိုးသား ညီညွတ်ရေး အစိုးရက ဦးဆောင်ပြီး တံတားအရှည် ပေ ၄၀ နှင့် အကျယ် ၁၅ ပေ ရှိ အာစီ ကွန်ကရစ်တံတားအား နိုဝင်ဘာလ ၁၂ ရက်နေ့တွင် တည်ဆောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ယင်း တံတားကို ဒို့ညီကချမ်းသာရဟု အမည်ပေးဖွင့်လှစ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရက ဒေသဖွံ့ဖြို့ရေး အလှူငွေနှင့် ပြည်သူလူထုထည့်ဝင်ငွေအပါအဝင် စုစုပေါင်း မြန်မာငွေကျပ် ၂၈၅ သိန်း ကုန်ကျခဲ့တယ်လို့ တံတားဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးက ပြောဆိုသည်။
တံတားဖွင့်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်ဆောင်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်(ပကဖ)တို့မှ အခြားရေးရာတာဝန်ခံများနှင့်အတူ တက်ရောက်ဖွင့် အားပေးခဲ့ကြောင်း၊ အဆိုပါ တံတားသည် ခင်ဦးမြို့နယ်တွင်း စစ်ဘေးရှောင်များမကြာခဏအသုံးပြုနေရသော မူးချောင်းကူးတံတားဖြစ်ပြီး တော်လှန်ရေးကာလတွင် အမျိုးသားညီညွတ်ရေး အစိုးရက အကောင်အထည်ဖော်ခဲ့သည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။