24 C
Yangon

APEC ညီလာခံအနီးတွင် စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှု ရပ်တန့်ရန်နှင့် စစ်တပ်ကိုလက်နက်နှင့် လေယာဉ်ဆီရောင်းချမှု ရပ်တန့်ရန် ဆန္ဒပြချီတက်

Must read

APEC ညီလာခံအနီးတွင် စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှု ရပ်တန့်ရန်နှင့် စစ်တပ်ကိုလက်နက်နှင့် လေယာဉ်ဆီရောင်းချမှု ရပ်တန့်ရန် ဆန္ဒပြချီတက်

ရန်ကုန်၊ နိုဝင်ဘာ ၁၃

အမေရိကန်နိုင်ငံ ဆန်ဖရန်ဆစ်စကိုမြို့တွင် ကျင်းပနေသည့် APEC ညီလာခံ အနီးတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ABFSU-USA) မှ တက္ကသိုလ် ​ကျောင်းသူ၊ ​ကျောင်းသားများမှ ဦးဆောင်၍ မြန်မာ့ဒီမိုက​ရေစီအရေး တပ်ပေါင်းစုအဖွဲ့ဝင်များ၊ နွေဦးတော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများသည် အကြမ်းဖက် စစ်အုပ်စုထံ လက်နက်နှင့် လေယာဉ်ဆီ ​​ရောင်းချ​နေမှုများ ရပ်တန့်ရန်၊ စီးပွါးရေး၊ နိုင်ငံရေးများ ပူးပေါင်းဆောင်ရွက်မှုများ ရပ်ဆိုင်းရန်အတွက် ဖိနှိပ်ညှင်းဆဲသတ်ဖြတ်ခံနေရသော ပြည်သူများဘက်က ရပ်တည်သည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ ချီတက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁၁ မှ ၁၇ ရက်နေ့အထိ အာရှပစိဖိတ် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု APEC (Asia- Pacific Economic Cooperation) အစည်းအဝေးကို အဖွဲ့ဝင် ၂၁ နိုင်ငံ မှ ကျင်းပလျက်ရှိပြီး အဆိုပါအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံအချို့သည် အကြမ်းဖက်စစ်အုပ်စုအတွက် စစ်လက်နက်များ၊ တိုက်လေယာဉ်များ၊ လေယာဉ်ဆီများ၊ ငွေကြေးများနှင့် ဘဏ္ဍာရေးစနစ်များအား ရောင်းဝယ်ခြင်းနှင့် ကူညီထောက်ပံ့နေခြင်းများလုပ်ဆောင်ပေးလျက်ရှိနေခြင်းကြောင့် ဆန္ဒပြချီတက်ခြင်း ဖြစ်ကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article