30 C
Yangon

စစ်တပ်၏ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခံရသည့် ပုလဲမြို့နယ် အေးကုန်းကျေးရွာသို့ စားသောက်ကုန်နှင့်အသုံးအဆောင်များလှူဒါန်း

Must read

စစ်တပ်၏ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခံရသည့် ပုလဲမြို့နယ် အေးကုန်းကျေးရွာသို့ စားသောက်ကုန်နှင့်အသုံးအဆောင်များလှူဒါန်း

ရန်ကုန်၊ နိုဝင်ဘာ ၁၃

ပုလဲမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည့် အေးကုန်းကျေးရွာသို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင်၊ လူသားစာနာတာဝန်ခံနှင် အမျိုးသမီး၊လူငယ်နှင့်ကလေးသူငယ်တာဝန်ခံတို့ သွားရောက်၍ အားပေးစကားများ‌ပြောကြားပြီး ငွေကျပ် သိန်း ၃၀ ခန့်တန်ဖိုးရှိ ဆန်၊ဆီ၊မိုးကာ၊စောင်၊အနွေးထည်၊အမျိုးသမီးဝတ်လုံချည်၊အိမ်သုံး အသုံးအဆောင်များနှင့်ငွေကျပ်၁သိန်းတို့ အရေးပေါ်ကူညီထောက်ပံ့ခဲ့ကြကြောင်း သိရှိရသည်။

အေးကုန်းကျေးရွာရှိ မီးရှို့ခံပြည်သူများ အကူအညီများ အရေးပေါ်လိုအပ်နေပါသဖြင့် ပြည်တွင်းပြည်ပမှ အလှူရှင်များအနေဖြင့် ကူညီဆောင်ရွက်ပေးကြပါရန်လည်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article