37 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝရဲစခန်း က စခန်းမှူးအပါအဝင် ရဲတပ်သား ၂၂ ဦးလုံးဟာ ရခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေဆီမှာ အလင်းဝင်လာခဲ့တယ်လို့ AA သတင်းရင်းမြစ်က ပြောပါတယ်။

– စစ်ကိုင်းတိုင်း၊ ခမ်းပတ်မြို့ကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေဟာ အိန္ဒိယနိုင်ငံကို ရောက်ရှိနေပြီး ဒဏ်ရာရသွားတဲ့ စစ်သားတချို့ဟာ အိန္ဒိယနိုင်ငံထဲမှာပဲ သေသွားကြတယ်လို့ သိရပါတယ်။

– ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်း၊ အင်းကြီးပေါက် ကျေးရွာအနီး စစ်ကြောင်း ထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးအင်အားစုတွေကနေ တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်က ၃ ပွင့်ဗိုလ်ကြီး ၁ ဦး ၊ တပ်ကြပ်ကြီး ၁ ဦးအပါအဝင် ၁၀ ဦးထက်မနည်း သေသွားတယ်လို့ ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၁ တပ်ဖွဲ့ကပြောပါတယ်။

– ရှမ်းပြည်နယ်မြောက်ပိုင်းက လောက်ကိုင်မြို့ထဲဝင်ဖို့ စောင့်ဆိုင်းနေတဲ့ စစ်ဘေးရှောင် ပြည်သူတွေကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုတွေ များနေတဲ့ သတင်း အပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article