အာဏာရှင်မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ နိုဝင်ဘာ ၁၃
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ်အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာ ၁၃ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “လက်ရှိအောင်မြင်မှုအတိုင်းသာဆို အောင်ပွဲဟာ သိပ်မကြာတော့ဘူး၊ပြည်သူသာအမိ၊ပြည်သူသာအဖဆိုတာပြကြ၊ငါတို့ မုချနိုင်ရမည်။” စာတန်းများကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

