Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ နိုဝင်ဘာ ၁၄ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အကြမ်းဖက်စစ်တပ်က ညမထွက်ရအမိန့် ထုတ်ပြန်ပြီးနောက် မြို့ထဲကို တင့်ကားတွေ ဝင်ရောက်လာတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
– မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွတိုက်ပွဲမှာ တပ်မ ၂၂ စစ်ကြောင်းက တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီးအပါအဝင် စစ်သား ၁၄ ဦးသေပြီး ၆ ဦး အရှင်ဖမ်းမိကာ ၂၃ ဦး လက်နက်ချ အညံ့ခံခဲ့တယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရက တရားဝင်သတင်းထုတ်ပြန်ပါတယ်။
– ချင်းပြည်နယ်၊ အိန္ဒိယမြန်မာနယ်စပ်မှာရှိတဲ့ ရိဒ်ခေါဒါရ်မြို့ကို အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်ရဲ့ Tio စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ပြီး ရိဒ်ခေါဒါရ်မြို့ကို ရရှိသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။