30 C
Yangon

Breaking News- ချင်းတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားသော ရိဒ်ခေါဒါရ်မြို့ ၏ အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်တွင် စစ်ကောင်စီအလံကို ဖြုတ်ချကာ ချင်းအမျိုးသားအလံတော်ကို လွှင့်ထူ

Must read

Breaking News- ချင်းတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထားသော ရိဒ်ခေါဒါရ်မြို့ ၏ အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်တွင် စစ်ကောင်စီအလံကို ဖြုတ်ချကာ ချင်းအမျိုးသားအလံတော်ကို လွှင့်ထူ

ရန်ကုန်၊ နိုဝင်ဘာ ၁၄

ချင်းပြည်နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်၊ ရိဒ်ခေါဒါရ်မြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်တွင် စစ်ကောင်စီအလံကို ဖြုတ်ချကာ ချင်းအမျိုးသားအလံကို လွှင့်ထူလိုက်ကြောင်း CNA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်း၊ ချင်းပြည်နယ်၊ အိန္ဒိယမြန်မာနယ်စပ်ရှိ ရိဒ်ခေါဒါရ်မြို့ကို အထိုင်ချ တပ်စွဲထားသော စစ်တပ်၏ Tio စစ်စခန်း၊ ရိဒ်စစ်စခန်းတို့ကို သိမ်းပိုက်လိုက်ပြီးနောက် ရိဒ်ခေါဒါရ်မြို့ သိမ်းပိုက်ခဲ့ကြောင်း၊ ယင်းနောက် နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အိန္ဒိယ-မြန်မာနယ်စပ်ဂိတ်တွင် စစ်ကောင်စီအလံကို ဖြုတ်ချပြီး ချင်းအမျိုးသားအလံတော်ကို လွှင့်ထူလိုက်ကြောင်း CNA သတင်းရင်းမြစ်က ပြောဆိုသည်။

ရိဒ်ခေါဒါရ်မြို့သည် ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းခရိုင်အတွင်း ပင်လယ်ရေမျက်နှာပြင် အထက်ပေပေါင်း ၂,၅၈၀ ပေအထက်တွင် တည်ရှိပြီး ရိဒ်ခေါဒါရ်မြို့သည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုပြုလုပ်ရာ အဓိကအကြီးဆုံးကုန် သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိကြောင်း၊ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်တို့ကြား နှစ်နိုင်ငံနယ်စပ်တွင် တည်ရှိနေသော မြို့ကလေးဖြစ်ပြီး အသည်းပုံ ရိဒ်ရေကန် ရိဒ်မြို့၏ အမှတ်သင်္ကေတလည်းဖြစ်သည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်တွင် စစ်ကောင်စီ အလံကို ဖြုတ်ချကာ ချင်းအမျိုးသား အလံတော်ကို လွှင့်ထူထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article