34 C
Yangon

ချင်းတော်လှန်ရေး တပ်ဖွဲ့များ ပထမဆုံး သိမ်းပိုက်ထားသော ရိဒ်ခေါဒါရ်မြို့တွင် ပြည်သူ့အုပ်ချုပ်ရေးစတင်မည်ဖြစ်ပြီး အိန္ဒိယဘက်ခြမ်းရှိ အဖွဲ့အစည်းများနှင့်လည်း အဆင်ပြေသော ဆက်ဆံရေး ထူထောင်ထား

Must read

ချင်းတော်လှန်ရေး တပ်ဖွဲ့များ ပထမဆုံး သိမ်းပိုက်ထားသော ရိဒ်ခေါဒါရ်မြို့တွင် ပြည်သူ့အုပ်ချုပ်ရေးစတင်မည်ဖြစ်ပြီး အိန္ဒိယဘက်ခြမ်းရှိ အဖွဲ့အစည်းများနှင့်လည်း အဆင်ပြေသော ဆက်ဆံရေး ထူထောင်ထား

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ချင်းပြည်နယ်၊ အိန္ဒိယ-မြန်မာနယ်စပ် ရိဒ်ခေါဒါရ်မြို့ကို နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ချင်းတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် ပြည်သူ့အုပ်ချုပ်ရေး စတင်မည်ဖြစ်ကြောင်း CNA ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းထက်နီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် ယနေ့ နံနက်ပိုင်း ပြုလုပ်သည့် သီးသန့် တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ရိဒ်ခေါဒါရ်မြို့ရှိ ရိဒ်စစ်စခန်းနှင့် Tio စစ်စခန်းတို့ကို ချင်းတော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် မြို့ကိုပါ သိမ်းပိုက်ခဲ့ကြောင်း၊ ယခုအခါ လုံခြုံရေးနှင့် နယ်မြေရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်နေကြောင်း၊ မြို့ထဲတွင် မိုင်းရှင်းလင်း လုပ်ငန်းများ လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။

နယ်မြေရှင်းလင်းရေးနှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်ပြီးစီးပါက ဒေသကာကွယ်ရေးတပ်များ၊ ရိဒ်ခေါဒါရ် အခြေစိုက် ကာကွယ်ရေးတပ်များက အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို စတင်လိမ့်မည်ဖြစ်ကြောင်း၊ ရိဒ်ခေါဒါရ်မြို့နှင့် ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံဘက်ခြမ်းမှ အုပ်ချုပ်ရေး၊ လက်နက်ကိုင်အဖွဲ့များနှင့်ဆက်ဆံရေးထူထောင်ထားပြီး မူးယစ်ဆေးဝါး ပြဿနာများ ပူးတွဲ ကိုင်တွယ်ရမှုများရှိနေကြောင်း ဆလိုင်းထက်နီက ဆိုသည်။

ချင်းတော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် လက်ရှိတွင် စစ်ကောင်စီစိုးမိုးထားသော မြို့များကို တိုက်ခိုက်မည်ဖြစ်ပြီး မြို့သိမ်းတိုက်ပွဲများ ဆက်တိုက် ဆင်နွှဲမည်ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article