26 C
Yangon

အရပ်ဘက် အလုပ်သင်ဆရာဝန်နှင့် ဆရာဝန်အသစ်များကို အတင်းအကျပ် စစ်ရာထူး ဗိုလ်အဆင့်ပေး၍ ရှေ့တန်းထွက်ခိုင်း ၊ မူလက ဆေးတပ်နှင့် စစ်ဆေးရုံတွင်သာ တာဝန်ထမ်းခိုင်းမည်ဆိုသော သဘောတူညီချက်ကို ဖောက်ဖျက်ဟုဆို

Must read

အရပ်ဘက် အလုပ်သင်ဆရာဝန်နှင့် ဆရာဝန်အသစ်များကို အတင်းအကျပ် စစ်ရာထူး ဗိုလ်အဆင့်ပေး၍ ရှေ့တန်းထွက်ခိုင်း ၊ မူလက ဆေးတပ်နှင့် စစ်ဆေးရုံတွင်သာ တာဝန်ထမ်းခိုင်းမည်ဆိုသော သဘောတူညီချက်ကို ဖောက်ဖျက်ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၆

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက အရပ်ဘက် အလုပ်သင်ဆရာဝန်များနှင့် ဆရာဝန်အသစ်များကို အတင်းအကျပ် စစ်ရာထူး ဗိုလ်အဆင့်တပ်ပေး၍ ရှေ့တန်းထွက်ခိုင်းနေကြောင်း ဆရာဝန်တချို့က ပြောဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဆေးတက္ကသိုလ်များမှ ဘွဲ့ရ ဖောင်ကြီးသင်တန်းဆင်း အလုပ်သင်ဆရာဝန်များနှင့် ဆရာအသစ်များကို အတင်းအကျပ် စစ်ရာထူး ဗိုလ်အဆင့်တပ်ပေး၍ ရှေ့တန်းခိုင်းကြောင်း၊ မူလ စတင်ခေါ်ယူချိန်က ဆေးတပ်များနှင့် စစ်ဆေးရုံများတွင်သာ အလုပ်လုပ်ရမည်ဟု ပြောဆိုခဲ့သော်လည်း ယခုအခါ ရှေ့တန်း စစ်မျက်နှာပြင်များသို့ ထွက်ရမည်ဟု ပြောဆိုလာကြောင်း သိရှိရသည်။

“မူလတုန်းက ပြောတာက ရှေ့တန်းသွားစရာမလိုဘူးလို့ ပြောတယ်။ ဆေးတပ်တွေနဲ့ စစ်ဆေးရုံတွေမှာ လုပ်ရမှာ။ အခုမှ ရှေ့တန်းကို သွားခိုင်းတယ်။ ရှေ့တန်းဆိုပေမယ့် ရှေ့တန်းရဲ့ နောက်တန်းမှာ ဒဏ်ရာရသူတွေကို ဆေးကုရပေးမယ်လို့ ပြောတယ်။ ရှေ့တန်းဆိုရင်တော့ မသွားချင်သူများတယ်။ အခု လားရှိုးဘက်ကို အရပ်ဘက် စစ်ရာထူးခန့် ဆရာဝန်တွေ အဖွဲ့လိုက် အသုတ်လိုက် ခွဲလွှတ်နေပြီ” ဟု ဆရာဝန်တစ်ဦးက ဆိုသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ဆရာဝန်များကို ဗိုလ်အဆင့်ခန့်အပ်ကာ တပ်မတော် (ကြည်း) အရန်အင်အားအဖြစ် တာဝန်ပေးသည့်အခမ်းအနားကို နေပြည်တော်၌ နိုဝင်ဘာ ၁၁ ရက်တွင် ကျင်းပခဲ့ပြီး ကျန်းမာရေးဝန်ကြီး သက်ခိုင်ဝင်းနှင့် စစ်တပ်ဘက်မှ ထိပ်တန်း စစ်ဗိုလ်ချုပ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article