25 C
Yangon

ပခုက္ကူမြို့နယ်တွင် စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သားတစ်ဦးသေဆုံးပြီး စစ်ကားတစ်စီး ပျက်စီး၊ ပခုက္ကူတပ်မ ၁၀၁ နှင့် တွင်းမ ပျူစောထီးကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲ

Must read

ပခုက္ကူမြို့နယ်တွင် စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သားတစ်ဦးသေဆုံးပြီး စစ်ကားတစ်စီး ပျက်စီး၊ ပခုက္ကူတပ်မ ၁၀၁ နှင့် တွင်းမ ပျူစောထီးကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲ

ရန်ကုန်၊ နိုဝင်ဘာ ၁၆

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ – ပေါက် လမ်းမပေါ်တနေရာတွင် အကြမ်းဖက်စစ်ကောင်စီယာဉ် တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားတစ်ဦးသေဆုံးပြီး ယာဉ်တစ်စီးပျက်စီးခဲ့ကြောင်း Pakokku People Defense Force – PPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

နိုဝင်ဘာလ ၁၄ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၃၀ ခန့်က ကျောက်ထုမြို့မှ ပခုက္ကူမြို့သို့ ပြန်လာသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်း၏ နောက်ချန်ကားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်း ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ကားတစ်စီးပျက်စီးကာ ပျက်စီးသွား သော ကားကို ညောင်ဂျစ်ပင် ပျူရွာမှ ထွန်စက်ဖြင့် လာရောက် ဆွဲယူသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Pakokku People Defense Force – PPDF တပ်ဖွဲ့၊ Six Senses Guerilla Force နှင့် ကမ္မ UG အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအ ခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်ချိန် ပခုက္ကူ တပ်မ ၁၀၁ ကိုလည်းကောင်း၊ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် တွင်းမ(ပျူစောထီးရွာ)ကိုလည်းကောင်း ဒရုန်းလေယာဉ်ငယ်များဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုကြောင့် စစ်အရာရှိတစ်ဦးနှင့် စစ်သား ၁ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

အဆိုပါ စစ်ဆင်ရေး တိုက်ခိုက်မှုကို Middle Revolution Task Force-MRTF မဟာမိတ်တပ်ပေါင်းစု တပ်ရင်း ၁၇ တပ်ခွဲ ၂ ၊မြိုင်(ပ.က.ဖ)၊Freedom Fighter၊RPTF၊ThuRain-TRတို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article