Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ နိုဝင်ဘာ ၁၇ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-အကြမ်းဖက် မင်းအောင်လှိုင်က ဧည့်တွေ့မှုတွေ ၊ ပြင်ပ ပွဲလမ်းသဘင်တွေကို ယာယီ ရွှေ့ဆိုင်းပြီး နေပြည်တော် စစ်ရုံးမှာ အနီးကပ် ကြီးကြပ်ကွပ်ကဲနေပေမယ့် နိုင်ငံတစ်ဝန်း စစ်ရေးမှာတော့ အရှုံးတွေသာ ကြုံနေရတယ်လို့ စစ်ဘက်သတင်းရပ်ကွက်က ပြောပါတယ်။
– ရှမ်းပြည်နယ် နဲ့ ကရင်နီပြည်နယ်အစပ် မိုးဗြဲ- ဖယ်ခုံက အကြမ်းဖက် စစ်ကောင်စီရဲ့ ဗျူဟာကုန်း ၁ ခု နဲ့ တပ်စခန်း ပေါင်း ၈ ခုကို သိမ်းပိုက်လိုက်ပြီလို့ တော်လှန်ရေးတပ်ပေါင်းစုကနေ တရားဝင် ကြေငြာလိုက်ပြီလို့ မြို့ပြတော် လှန်ရေးတပ်ဦး (U.R.F)ရဲ့ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– ရှမ်းမြောက်မှာ အကြမ်းဖက် စစ်ကောင်စီတပ်ကနေ သိမ်းပိုက်ရရှိထားတဲ့ တင့်ကားကို BPLA တပ်သားတွေ ကနေ အမောင်းလေ့ကျင့်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။