29.6 C
Yangon

Breaking News- ပုဂ္ဂလိကဘဏ်များအားလုံးတွင် ယနေ့ ငွေလာထုတ်သူ အလွန်များပြားပြီး ငွေကျပ် သိန်း ၂၀ သာအများဆုံး ထုတ်ပေး၊ ငွေထုတ်ယူမှုများအားလုံးကို ပြန်လည်ကန့်သတ်

Must read

Breaking News- ပုဂ္ဂလိကဘဏ်များအားလုံးတွင် ယနေ့ ငွေလာထုတ်သူ အလွန်များပြားပြီး ငွေကျပ် သိန်း ၂၀ သာအများဆုံး ထုတ်ပေး၊ ငွေထုတ်ယူမှုများအားလုံးကို ပြန်လည်ကန့်သတ်

■ ရန်ကုန်ရှိ CB ဘဏ်နှင့် KBZ ဘဏ်တချို့က ငွေထုတ်မပေး

ရန်ကုန်၊ နိုဝင်ဘာ ၁၇

ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများရှိ ပုဂ္ဂလိကဘဏ်များအားလုံးတွင် ယနေ့ ငွေလာထုတ်သူအလွန်များပြားပြီး ငွေထုတ်သူများကို ငွေကျပ် သိန်း ၂၀ သာအများဆုံးထုတ်ပေးကြောင်း၊ ငွေထုတ်ယူမှုများအားလုံးကို ပြန်လည် ကန့်သတ်လိုက်ကြောင်း ပြည်တွင်းမှ ပြည်သူများက ပြောဆိုသည်။

“အရင်က ရိုးရိုး အကောင့်တွေမှာ ငွေထုတ်ခွင့်မပေးဘူး Special အကောင့်ဖွင့်ရမယ်ဆိုပြီး အခု ဒီနေ့ Special အကောင့်တွေပါ ငွေကျပ် သိန်း ၂၀ ပဲ အများဆုံးထုတ်ပေးတယ်။ ဧရာ၀တီရော KBZ ရော ရိုးမရော အကုန်အတူတူပဲ” ဟု ပြည်တွင်းမှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ကုမ္ပဏီဘဏ်အကောင့်များကိူမူ ငွေကျပ် သိန်း ၂၀၀ သာ ထုတ်ပေးသည်ဟု ထပ်မံ သိရှိရသည်။

ရန်ကုန်မြို့လယ်၊ ဘိုကလေးစျေးရှိ CB ဘဏ် တွင် ငွေထုတ်ရန် တန်းစီသူများ ယနေ့ နံနက်ပိုင်း များပြားလွန်းခဲ့သဖြင့် ငွေထုတ်မပေးတော့ဟုဆိုကြောင်း သိရှိရသည်။

အလားတူ ရန်ကုန်မြို့လယ်ရှိ KBZ ဘဏ်များတွင် ငွေထုတ်ပေးရန် ငွေကား ရောက်မလာဟု လည်းကောင်း၊ သက်ဆိုင်ရာ ငွေစာရင်းဖွင့်လှစ်ခဲ့သော မူရင်း KBZ ဘဏ်တွင်သာ ငွေထုတ်ပေးမည်ဖြစ်ကြောင်း အကြောင်းအမျိုးမျိုးပြ၍ ငွေထုတ်ယူမှုများကို ငြင်းပယ်နေကြောင်း သိရှိရသည်။

ဘဏ်သတင်းရပ်ကွက်၏ အဆိုအရ ဗဟိုဘဏ်က ငွေထုတ်ယူမှုများပြားနိုင်သဖြင့် ငွေထုတ်ယူမှုအားလုံးကို အကန့်အသတ်ဖြင့် ပြန်လည် ခွင့်ပြုရန် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရှိရသည်။

တိုက်ပွဲများဖြစ်ပွားနေပြီး မတည်မငြိမ်ဖြစ်နေသော စစ်ကိုင်းတိုင်း၊ ကချင်ပြည် နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ မြို့နယ်အချို့မှ ပုဂ္ဂလိကဘဏ်များမှာ ရက်အကန့်အသတ်မရှိ ပိတ်သိမ်းပြီး ဝန်ထမ်းများကို လစာ ၂ လစာပေး၍ အလုပ်မှ မလာခိုင်းတော့ကြောင်း၊ ယင်းသတင်းကြောင့် ပုဂ္ဂလိကဘဏ်များမှ ငွေလာထုတ်သူများပြားလာပြီး မိမိတို့ငွေကြေးများ ပြန်လည်ထုတ်ယူရန် အလုအယက် တိုးဝှေ့ကြကြောင်း ၊ ရခိုင်ပြည်နယ်ရှိ ဘဏ်များမှ ငွေများကိုလည်း စစ်ကောင်စီက သိမ်းယူ၍ ရွှေ့ပြောင်းနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article