27 C
Yangon

ညောင်ရွှေတွင် စစ်ရှောင် ပြည်သူများကို ခြိမ်းခြောက် မောင်းထုတ်နေသူများကို အရေးယူသွားမည်ဟု တော်လှန်ရေး အင်အားစုများက ထုတ်ပြန်

Must read

ညောင်ရွှေတွင် စစ်ရှောင် ပြည်သူများကို ခြိမ်းခြောက် မောင်းထုတ်နေသူများကို အရေးယူသွားမည်ဟု တော်လှန်ရေး အင်အားစုများက ထုတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၁၇

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူများကို ခြိမ်းခြောက် မောင်းထုတ်နေသူများအား အရေးယူသွားမည်ဟု တော်လှန်ရေး အင်အားစုများက ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အသိပေး ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အင်းလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ IPDF ၊ အင်းလေး ဖက်ဒရယ်ဒီမိုကရေစီလှုပ်ရှား IFDM၊ အင်းလေး အမျိုးသမီးသမဂ္ဂနှင့် မြို့နယ် ရပ်မိရပ်ဖ တို့က ပူးတွဲ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ညောင်ရွှေမြို့နယ်အတွင်း ကလောခရိုင် အုပ်ချုပ်ရေးမှူးအမိန့်ဟုဆိုကာ စစ်ရှောင် ပြည်သူများကို လက်မခံရန်လိုက်လံမောင်းထုတ်နေကြောင်း၊ ထို့ပြင် ညောင်ရွှေမြို့နယ်ရှိ ပြည်သူများ သံဃာတော်များအနေဖြင့် စစ်ဘေးရှောင်များကို လူသားခြင်စာနာမှု အပြည့်ဖြင့်ကူညီနေသည်ကိုလက်မခံရန်နှင့် လက်ခံပါက အရေးယူမည်ဟုခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ လိုက်လံ ခြိမ်းခြောက်ပြောဆိုမောင်းထုတ်နေသူများ၏ အမည် ရာထူးတာဝန် နေရပ်လိပ်စာများကိုမှတ်သားပေးပို့ကြပါရန်နှင့် ယနေ့အထိ မတရားအမိန့် ထုတ်ပြန်နေသူ လိုက်ပါ အကောင်အထည်ဖော် ဆောင်ရွက်နေသူများကို တရားမျှတမှုအတွက် ထိရောက်စွာ အပြစ်ပေး အရေးယူမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကယားပြည်နယ် လွိုင်ကော်မြို့၊ မိုးဗြဲ နှင့် ဖယ်ခုံတို့တွင် ၁၁.၁၁ စစ်ဆင်ရေးဖြင့် အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်လျက်ရှိပြီး အကြမ်းဖက် စစ်တပ်က အရပ်သားများကို ပစ်မှတ်များကာ လက်နက်ကြီးများ၊ လေကြောင်းဖြင့် ပစ်ခတ်သည့်အတွက် ပြည်သူများသည် နီးစပ်ရာ တောင်ကြီးခရိုင်အတွင်းရှိ မြို့ရွာများကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article