Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရဲ၊ ထွေ/အုပ်၊ စသုံးလုံး၊ လ၀က၊ မီးသတ် နဲ့ အကျဉ်းဦးစီးဌာနက ဝန်ထမ်းတွေကို နောက်ဆုံးအခွင့်အရေး အဖြစ် အလင်းဝင်ကြဖို့ NUG ပြည်ထဲရေးဝန်ကြီးကနေ အမိန့်ထုတ် လိုက်ပါတယ်။
-ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးကြီးကို ဆင်နွဲနေတဲ့ ညီနောင်မဟာမိတ် တပ်ပေါင်းစုကနေ စစ်ကောင်စီတပ်စခန်းတွေကို တောက်လျှောက်သိမ်းပိုက်နေပြီး ၊ လက်ရှိ စစ်ကောင်စီတပ်စခန်းပေါင်း ၁၅၀ ကျော်ကို သိမ်းပိုက်ရရှိထားပြီဖြစ်တယ်လို့ MNDAA ကနေ တရားဝင်ထုတ်ပြန်ထားပါတယ်။
– လွိုင်ကော်မြို့က တရားရုံးမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို ကရင်နီ တပ်ပေါင်းစုကနေ ဒီကနေ့ မနက်ပိုင်းမှာပဲ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး တရားရုံးကိုပါ မီးရှို့ ရှင်းလင်းလိုက်တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။