25 C
Yangon

ကျိုက်မရော၊ ချောင်းနှစ်ခွသို့ တက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု အလောင်း ၁လောင်းနှင့် လက်နက်ခဲယမ်းများရရှိ၊ စစ်တပ်ဘက်မှ သေဆုံးမှုများပြားနိုင်

Must read

ကျိုက်မရော၊ ချောင်းနှစ်ခွသို့ တက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု အလောင်း ၁လောင်းနှင့် လက်နက်ခဲယမ်းများရရှိ၊ စစ်တပ်ဘက်မှ သေဆုံးမှုများပြားနိုင်

ရန်ကုန်၊ နိုဝင်ဘာ ၁၉

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွသို့ တက်လာသော စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်သားအလောင်း ၁ လောင်းနှင့်အတူ လက်နက်ခဲယမ်းများရရှိကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့ ည ၁၁ နာရီကျော်အချိန် ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ၀ိုင်းဝန်း တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများစွာဖြင့် ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ယင်းနောက် တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရာ အလောင်း ၁ လောင်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

“နိုဝင်ဘာလ ၁၇ ရက်နေ့ ည ၁၁ နာရီမှာ စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကို စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်။

အလောင်း ၁ လောင်းနဲ့အတူဆက်စက်ပစ္စည်းများရရှိပါတယ်။ စစ်ခွေးဘက်က အထိအခိုက်အကျအဆုံးကိုအတိ အကျမသိရှိပါ။ တော်လှန်းရေးပူးပေါင်းအဖွဲ့မှ အထိအခိုက်မရှိပါဘူး။ အခုထက်ထိ ဆက်လက် ဝိုင်းဝန်းပိတ်ဆို့ထားဆဲပါ။ စစ်တပ်ဘက်က အထိအခိုက်အကျဆုံးများမယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ဆိုသည်။

KNU ၊ PDF တပ်ဖွဲ့များက ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ တံတားကို သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ စစ်ကြောင်းထိုးခြင်းများကို တောက်လျှောက်ဆိုသလို လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article