25 C
Yangon

မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို စစ်တပ်က တိုက် လေယာဉ် ၂ စီးဖြင့် ဗုံးကျဲမှုကြောင့် ကလေး ၈ ဦး အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးမှု CDF မတူပီ ကန့်ကွက်ရှုတ်ချ

Must read

မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို စစ်တပ်က တိုက် လေယာဉ် ၂ စီးဖြင့် ဗုံးကျဲမှုကြောင့် ကလေး ၈ ဦး အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးမှု CDF မတူပီ ကန့်ကွက်ရှုတ်ချ

ရန်ကုန်၊ နိုဝင်ဘာ ၁၉

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို စစ်တပ်က တိုက် လေယာဉ် ၂ စီးဖြင့် ဗုံးကျဲမှုကြောင့် ကလေး ၈ ဦး အပါအဝင် ပြည်သူ ၁၁ ဦးသေဆုံးမှုအပေါ် CDF မတူပီ ကန့်ကွက်ရှုတ်ချကြောင်း ယနေ့ ထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၅ ရက် ညနေ ၆ ခွဲ နာရီတွင် စစ်ကောင်စီမှ ဂျက်ဖိုက်တာ ၂ စီးဖြင့် မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို အကြောင်းမဲ့ ပစ်မှတ်ထား ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အပြစ်မဲ့ ကလေးသူငယ် ၈ ဦး၊ ပြည်သူ ၃ ဦး သေဆုံးပြီး အပြစ်မဲ့ကလေးသူငယ် ၁ ဦး၊ ပြည်သူ ၃ ဦး ဒဏ်ရာရှိကြောင်း၊ ထို့ပြင်လူနေအိမ် ၂၂ လုံး၊ ဘုရားကျောင်း ၁ ကျောင်း၊ စာသင်ကျောင်း ၂ ဆောင် အား ပျက်စီးခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က တိုက်လေယာဉ်ဖြင် ဗုံးကျဲမှုကြောင့် သေဆုံးသူများမှာ-

၁-မောင်ဆာမွေလ အသက် ၁၂ နှစ်

၂-မောင်ကွီးနွန် အသက် ၉ နှစ်

၃- မောင်ဉာဏ်ဝင်းအောင် အသက် ၇ နှစ်

၄-မလီလီမိုး အသက် ၅ နှစ်

၅-မောင်ထန်းဟုမ်း အသက် ၉ နှစ်

၆- မခိုင်သဇင် အသက် ၁၁ နှစ်

၇-မစန်းစန်း

၈-မောင်ဘွေကုန်းထန်

၉-ဦးအုပ်စာ အသက် ၆၅ နှစ်

၁၀- ဦးတဲနိုင် အသက် ၃၈ နှစ်

၁၁- ဦးဟာလောင်း အသက် ၃၄ နှစ်တို့ ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ စစ်တပ်က အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုအပေါ် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီက လုံးဝ ကန့်ကွက်ရူံ့ချကြောင်း ၊CDF-မတူပီ အနေဖြင့် စစ်ရေးအရှိပိုမိုမြင့်တင်မည် ဖြစ်ကြောင်း၊ စစ်အာဏာရှင် စနစ် ပျက်သုဥ်းသည်အထိ တိုင်းပြည်နှင့်လူမျိုးများအတွက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း CDF-မတူပီက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article