25 C
Yangon

တနင်္သာရီတိုင်း ကြားကာလအစီအမံ ကြိုတင်ပြင်ဆင်ခြင်းဆိုင်ရာ ဥပဒေကြမ်း ရေးဆွဲ အတည်ပြုမှု နိုင်ငံရေးအင်အားစုများက ဝေဖန် ၊ ဖက်ဒရယ် ပဋိဉာဉ်စံတန်ဖိုးများကို အခြေပြုပြီး လုပ်ဆောင်သင့်ဟု စစ်ကိုင်းဖိုရမ် အကြံပြု

Must read

တနင်္သာရီတိုင်း ကြားကာလအစီအမံ ကြိုတင်ပြင်ဆင်ခြင်းဆိုင်ရာ ဥပဒေကြမ်း ရေးဆွဲ အတည်ပြုမှု နိုင်ငံရေးအင်အားစုများက ဝေဖန် ၊ ဖက်ဒရယ် ပဋိဉာဉ်စံတန်ဖိုးများကို အခြေပြုပြီး လုပ်ဆောင်သင့်ဟု စစ်ကိုင်းဖိုရမ် အကြံပြု

ရန်ကုန်၊ နိုဝင်ဘာ ၁၉

တနင်္သာရီတိုင်း ကြားကာလအစီအမံ ကြိုတင်ပြင်ဆင်ခြင်းဆိုင်ရာ ဥပဒေကြမ်း ရေးဆွဲအတည်ပြု လိုက် ခြင်း သည် ဒေသတွင်း နိုင်ငံရေး၊ တော်လှန်ရေးအင်အားစုများကို တရားဝင် အသိပေးခြင်း လုံးဝမရှိ ကြောင်း တနင်္သာရီတိုင်းအတွင်းရှိ အင်အားစုများက ဝေဖန်ပြောဆိုလိုက်သည်။

တနင်္သာရီတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီက ကြားကာလအစီအမံ၊ ကြားကာလ ဖွဲ့စည်းပုံ အ ခြေခံ ဥပဒေ ပေါ်ပေါက်ရေးအတွက် ကြိုတင် ပြင် ဆင်ရေးဆိုင်ရာ ဥပဒေကြမ်း အတည်ပြုလိုက်သည် ခြင်းသည် ဒေသအတွင်း နိုင်ငံရေး တော်လှန် ရေးအင်အားစုများနှင့် ယနေ့အထိ တရားဝင် အသိပေးချပြ ဆွေးနွေးခြင်း သဘောထားရယူခြင်း လုံးဝ မရှိခဲ့ကြောင်း တနင်္သာရီဒေသအတွင်းရှိ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးအင်အားစု များက ဝေဖန်ထောက် ပြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုက ညွှန်ကြားချက်အရ ဖွဲ့စည်းထားသည် ဟုဆိုသော တနင်္သာရီ ဒေသအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ် ၅ ဦး ပါဝင်သည့် ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းကာ တနင်္သာရီဒေသအတွင်း အစုအဖွဲ့များ၏ ဆန္ဒသဘောထား သဘောတူညီမှုများ မရရှိဘဲ ဥပဒေကြမ်း ရေးဆွဲခြင်း၊ အတည်ပြုခြင်းသည် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၁)၊ အခန်း (၃) အ ကောင် အ ထည်ဖော်မည့် လုပ်ငန်းစဉ်(သို့မဟုတ်) နိုင်ငံရေး လမ်းပြမြေပုံ၊ ပုဒ်မ (၃) နှင့် အခန်း(၄) ဖက် ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေရေး ဆွဲခြင်း၊ ပုဒ်မ (၃)တွင် ဖော်ပြထားသည့် အ ချက် များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ် ကြောင်း တနင်္သာရီဒေသအတွင်း အင်အားစု များက ဝေဖန်သည်။

NLD ပါတီ၏ သတင်းထုတ်ပြန်ချက်တွင် “ရွေးကောက်ခံကိုယ်စားလှယ်များမှ ဒေသတွင်းအင်အားစု များ ကို ဖိတ်ခေါ်ပြီး လက်တွဲညီညီ ပူးပေါင်းအကောင်အထည်ဖော်ထားသည့် စွမ်းဆောင်ချက်” အား ကြိုဆို ပါ သည်ဟု ဖော်ပြထားသော်လည်း လွှတ်တော် ကိုယ်စားလှယ်များ ညှိနှိုင်းရေးအဖွဲ့က ပကတိ အ ကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ် နှင့် လုံးဝဆန့်ကျင်လျက်ရှိပြီး ဒေသအတွင်း အစု အဖွဲ့ များ၏ တနင်္သာရီ ဖက်ဒရယ်ပြည်နယ် ပေါ်ပေါက်ရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်များကို လျစ်လျူရှုစော်ကားခြင်း ဖြစ်သည်ဟု ရှုမြင်ကြောင်း ထောက်ပြထားသည်။

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတိအလင်း ဖျက်သိမ်းထားပြီး ဖြစ်ပါသဖြင့် ထိုဥပဒေကို အခြေပြု ကာ တစ်ပါတီ၊ တစ်စု၊ တစ်ဖွဲ့မှ ယခုကဲ့သို့ ပြည်နယ်ဆိုင်ရာ ပြဋ္ဌာန်းပိုင်ခွင့်ကို ကျော်လွန်ကာ ဆောင် ရွက်ခြင်းသည် အစုအဖွဲ့တစ်ခုအနေဖြင့် ဒေသအတွင်း နိုင်ငံရေးကို လက်ဝါးကြီးအုပ်ခြင်းပင် ဖြစ် ကြောင်း ဆက်လက်ပြောဆိုထားသည်။

တနင်္သာရီဒေသအတွင်း အင်အားစု များအနေဖြင့် တနင်္သာရီဒေသကို တန်းတူညီမျှမှုနှင့် ကိုယ်ပိုင် ပြဋ္ဌာန်း ပိုင်ခွင့်ရှိသော ဖက်ဒရယ်ယူနစ် တစ်ခုအဖြစ် ယုံကြည်ပြီး တနင်္သာရီ၏ ကံကြမ္မာကို တနင်္သာရီ ဒေသအတွင်း ပြည်သူများကသာ ဆုံးဖြတ်ပိုင်ခွင့်၊ ပြဋ္ဌာန်းပိုင်ခွင့်ရှိကြောင်း၊ တနင်္သာရီဒေသ၏ အုပ်ချုပ် ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အစရှိသည့် ပြည်နယ်ဆိုင်ရာ ကိုယ်ပိုင် ပြဋ္ဌာန်းပိုင်ခွင့်များသည် ဒေသအတွင်းရှိ နိုင်ငံရေး၊ တော်လှန်ရေးတွင် ပါဝင်နေကြသော အင်အားစုအသီးသီးနှင့် တနင်္သာရီ ပြည် သူ လူထု၏ လက်ဝယ်တွင်ရှိကြောင်း၊ သို့ဖြစ်ပါ၍ ဒေသအတွင်းရှိ နိုင်ငံရေး၊ တော်လှန်ရေး အင်အားစု အသီးသီးပါဝင်သော အခင်းအကျင်းတစ်ခုကို ဖော်ဆောင်ကာ ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ဆောင် ရွက်သင့်ကြောင်း အကြံပြုထားသည်။

အဆိုပါ ထုတ်ပြန်ချက်ကို တနင်္သာရီတိုင်းအတွင်းရှိ ပညာရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများ၊ လူထုအကျိုးပြုအဖွဲ့အစည်းများ၊ ဒီမိုကရေစီရေးလှုပ်ရှားမှု သပိတ်ကော်မတီများ၊ ကျောင်းသား သမဂ္ဂ များ အပါအဝင်အဖွဲ့အစည်းပေါင်း ၃၀ ကျော်က ထုတ်ပြန်ထားခြင်းဖြစ်သည်။

အလားတူ စစ်ကိုင်းဖိုရမ်က လည်း ဖက်ဒရယ် ဒီမိုကရေစီပဋိဉာဉ် ရေးဆွဲ အတည်ပြုပြဌာန်းခဲ့သည့် လုပ်ငန်းစဉ်များ၊ ပြည်နယ် (ဖက်ဒရယ်ယူနစ်) တချို့တွင် ကြားကာလအစီ အမံအား ဖော်ဆောင်ခဲ့သည့် လုပ်ငန်းစဉ်များ၏ နမူနာများနှင့်စံတန်ဖိုး အကောက်အယူတို့ကို ထောက်ရှုပြီးမှ သာလျှင် ဆောင်ရွက်သင့်ကြောင်း အကြံပြုလိုက်သည်။

၁ – ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ် (FDC)သည် စစ်အာဏာရှင်ကို အမြစ်ပြတ် တိုက်ထုတ်လိုသည့် တော် လှန် အင် အားစုများ သဘောတူလက်ခံထားသည့် ပြည်ထောင်စုအဆင့် နိုင်ငံရေးမူဘောင် ဖြစ်သည့်အ တွက် တိုင်း (သို့) ပြည်နယ်(ဖက်ဒရယ်ယူနစ်)များ၏ နိုင်ငံရေးအရ ရှေ့တိုးဖော်ဆောင်မှုများသည် ဖက်ဒ ရယ် ဒီမိုကရေစီပဋိဉာဉ်ပါ နိုင်ငံရေးမူဘောင်များ၊ ပြည်ထောင်စု စံတန်ဖိုးများနှင့် ကိုက်ညီဆီလျော်မှု ရှိသင့် သည်ဟုယုံကြည်ပါကြောင်း၊

၂ – တိုင်းဒေသများအတွက် ကြားကာလအစီအမံဆိုင်ရာ လုပ်ငန်းစဉ်များကို ပြင်ဆင်ဆောင်ရွက် ခြင်း သည် တော်လှန်ကာလ ၂ နှစ်ကျော်ချိန်မှသာ ပေါ်ပေါက်လာခြင်း ဖြစ်သည့်အတွက် ယင်းလုပ်ငန်းစဉ် အား ဆောင်ရွက်သည့်အခါ ရှေ့တွင်ပေါ်ပေါက်ခဲ့ပြီးဖြစ်သည့် ဖက်ဒရယ် ဒီမိုကရေစီပဋိဉာဉ် အား ရေးဆွဲ အတည်ပြုပြဌာန်းခဲ့သည့် လုပ်ငန်းစဉ်များ၊ ပြည်နယ် (ဖက်ဒရယ်ယူနစ်) တချို့တွင် ကြားကာလအစီ အမံအား ဖော်ဆောင်ခဲ့သည့် လုပ်ငန်းစဉ်များ၏ နမူနာများနှင့်စံတန်ဖိုး အကောက်အယူတို့ကို ထောက် ရှုပြီးမှ သာလျှင် ဆောင်ရွက်သင့်ကြောင်း၊

၃- ကြားကာလအစီအမံတစ်ရပ် ရေးဆွဲရန် ပြင်ဆင်ခြင်းကိစ္စရပ်များသည် တိုင်း (သို့) ပြည်နယ် (ဖက် ဒရယ် ယူနစ်) ပြုခြင်းကိစ္စရပ်ဖြစ်သည့်အတွက် တိုင်း(သို့)ပြည်နယ် (ဖက်ဒရယ်ယူနစ်) အတွင်းရှိ တော် လှန် အင်အားစုများအကြား နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းခြင်းဖြစ်စဉ်(political process)ကို ကျေလည် မှုရှိအောင် ကျယ်ကျယ်ပြန့်ပြန့် ကနဦး ဆောင်ရွက်ပြီးမှ ဥပဒေရေးဆွဲခြင်း၊ လမ်းပြမြေပုံရေးဆွဲခြင်း စသည့် စုဖွဲ့တည်ဆောက်ခြင်းဖြစ်စဉ် (institutional process)ကို ဆက်လက် ဆောင်ရွက်သင့်သည်ဟု ယုံကြည်ကြောင်း၊

၄- နွေဦးတော်လှန်ရေးတွင် ပါဝင်ဆောင်ရွက်နေကြသော အင်အားစုအသီးသီးသည် တော်လှန်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာ၌ တန်းတူတန်ဖိုးရှိ ကြသည့်အလျောက် အားလုံး တန်းတူညီစွာ ပါဝင်ဆောင် ရွက်နိုင်သည့် အခင်းအကျင်းတစ်ခုကို ဖန်တီးရန်သည်လည်း လွန်စွာ အရေး ကြီးသည်ဟု ခံယူပါကြောင်း၊

၅ – ကြားကာလအစီအမံတစ်ရပ်ရေးဆွဲရန် ပြင်ဆင်ခြင်းကိစ္စရပ်များသည် တိုင်း (သို့) ပြည်နယ် (ဖက်ဒ ရယ် ယူနစ်)တစ်ခုလုံး၏ကံကြမ္မာကို ပြဌာန်းသတ်မှတ်ခြင်းဖြစ်ရာ အထက်ပါအချက်များကို အလေး အနက်ထည့်သွင်းစဉ်းစားပြီး ပွင့်လင်းမြင်သာမှုရှိသော၊ တန်းတူပါဝင်ခွင့်ရှိသော၊ တော်လှန်ရေး၏ မြေပြင် အရှိတရားများနှင့် ကိုက်ညီမှုရှိသော လုပ်ငန်းစဉ်များကို ချမှတ် ဖော်ဆောင်သင့်ပါကြောင်း စစ်ကိုင်းဖိုရမ်က ဆန္ဒပြု တိုက်တွန်းထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article