25 C
Yangon

ရေတာရှည်မြို့နယ်၊ ပိတောက်ကုန်းကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ် ခမရ ၁၉ မှ ဗိုလ်မှူး တစ်ဦးအပါအဝင် ၄၀ ကျော်သေဆုံး

Must read

ရေတာရှည်မြို့နယ်၊ ပိတောက်ကုန်းကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ် ခမရ ၁၉ မှ ဗိုလ်မှူး တစ်ဦးအပါအဝင် ၄၀ ကျော်သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၉

ပဲခူးတိုင်းရေတာရှည်မြို့နယ်၊ ပိတောက်ကုန်းကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ခမရ ၁၉ မှ ဗိုလ်မှူးတစ်ဦးအပါအဝင် ၄၀ ကျော်သေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဌာန က တရားဝင်ထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၆ ရက်နံနက် ၅ နာရီ ၄၅ မိနစ်မှ ညနေ ၄ နာရီခွဲအထိ အင်အား ၁၅၀ ခန့်ဖြင့် ရေတာရှည် မြို့နယ်၊ ပိတောက်ကုန်း ကျေးရွာ အ နောက် ဘက် အင်တိုင်းတောနှင့် ကျေးရွာစာသင်ကျောင်း၊ ဘုန်း ကြီး ကျောင်းဝန်းကျင်အနီး၌ ၄ ရက်ခန့် တပ်ဖျောက်ထားသော အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၈၄ ၊ ခမရ ၁၉ ပူးပေါင်းစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ ခမရ ၁၉ မှ ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ၄၀ ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ ကြောင်း၊ တိုက်ပွဲအတွင်း သေဆုံးဒဏ်ရာရရှိသော စစ်ကောင်စီတပ်သားများကို သုံးဘီးဖြင့် ၃ ခေါက် သယ်ယူ၍ စစ်တောင်းမြစ်ကို ဖြတ်ကူးရာတွင် လှေဖြင့် ၉ ခေါက်သယ်ထုတ်သွားကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူ အသုံးပြု ကာ တနေကုန်တိုက်ခိုက်ခဲ့ကြောင်း NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ (စစ်ရုံးချုပ်) က ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပုဝါနီစစ်ကြောင်း၊ ကီကူးစစ်ကြောင်း၊ နပတ ရိုးမစစ်ကြောင်း၊ ၃၅၀၁ တပ်ရင်းမှ တပ်ခွဲ (၃ နှင့် ၄)၊ သံတောင်မြောက်ပိုင်း အထူးဒေသစစ် ကြောင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး တိုင်းပြည်နှင့် အတွက်မြင့်မြတ်စွာ ကျဆုံးခဲ့ကာ ၈ ဦး(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article