26 C
Yangon

နမ့်ဆန်၊ မြို့သစ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဗုံးကျဲမှုကြောင့် ကလေး တစ်ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးပြီး နေအိမ် ၂၅ လုံးပျက်စီး

Must read

နမ့်ဆန်၊ မြို့သစ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဗုံးကျဲမှုကြောင့် ကလေး တစ်ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးပြီး နေအိမ် ၂၅ လုံးပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၂၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဗုံးကျဲတိုက်ခိုက်ရာကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး နေအိမ် ၂၅ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၉ ရက်နေ့ ည ၁၀ နာရီဝန်းကျင်ခန့်အချိန် နမ့်ဆန်မြို့နယ်၊ မြို့သစ်ကျေးရွာတွင် ကျေးရွာအနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ကျေးရွာကို ပစ်မှတ်ထားပြီး ပေါင် ၅၀၀ ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ တားဆန်းနော်၏ နေအိမ်ပေါ်သို့ ကျ ရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ် အိမ်ရှင် တားဆန်းနော်နှင့် ကလေးငယ်တို့ ၂ ဦး ပွဲချင်းပြီး သေဆုံးကာ ရွာသား ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် လူနေအိမ် ၂ လုံး မီးလောင်ခဲ့ပြီး ၂၃ လုံး ထိမှန်ပျက်ဆီးခဲ့ကြောင်း၊ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်း အသုံးပြုကာ အရပ်သားများနှင့် ဒေသခံလူနေအိမ်များအား ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် ပြည်သူ ၄၀ ဦး သေဆုံးခဲ့ပြီး ၅၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article