25 C
Yangon

မုံရွာမြို့အဝင် မအူဂိတ်မှ ထွက်လာသော စစ်သားများကို ကြားဖြတ်တိုက်ခိုက်၊ ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာသည့် စစ်သားများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

မုံရွာမြို့အဝင် မအူဂိတ်မှ ထွက်လာသော စစ်သားများကို ကြားဖြတ်တိုက်ခိုက်၊ ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာသည့် စစ်သားများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၂၀

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် မအူဂိတ်မှ ထွက်လာသော စစ်သားများကို ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း မုံရွာနတ်ဆိုးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ချောင်းဦးမြို့အဝင် အကြမ်းဖက် စစ်တပ်၏ မြပုလဲ ဂိတ်နှင့် မုံရွာမြို့ မြေနဲရွာအနီးရှိ အကြမ်းဖက် စစ်တပ်၏ စွမ်းရည်ထက် ဂိတ်တို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်နေစဥ် မအူဂိတ်မှ စစ်ကူထွက်လာသော စစ်သားများကို ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း ၁၃ Aung San Generatiol . မုံရွာခရိုင် တပ်ရင်း ၂၇ Black Dragon တပ်ရင်းများနှင့် မုံရွာခရိုင်တပ်ရင်း ၂၂ တပ်ရင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်ရှိ ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာသည့် စစ်သားများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PDF ပြည်ခရိုင် တပ်ရင်း ၃၆၀၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့၊ ညနေ ၄ နာရီခန့်တွင် သာယာဝတီမြို့နယ်၊ တောင်ခမောက်ရွာနှင့် ကိုင်းကွင်းရွာ အကြားရှိ ပဲခူးရိုးမပေါ်ကို စစ်ကြောင်းထိုးလာသည့် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF ပြည်ခရိုင် တပ်ရင်း ၃၆၀၂၊ တပ်ခွဲ၄နှင့် ပြည်ခရိုင် တပ်ရင်း ၃၆၀၁၊ တပ်ခွဲ(၅)တို့ပူးပေါင်းခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးဘဲ တော်လှန်ရေး ရဲဘော်များ တပ်ဖွဲ့ဝင်များမှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article