27 C
Yangon

မုဒုံ၊ မော်လမြိုင်နှင့် ကျိုက်မရော မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများနှင့်ရဲစခန်းများကို ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် လက် နက် ၆ လက်နှင့် ခဲယမ်းများရရှိ

Must read

မုဒုံ၊ မော်လမြိုင်နှင့် ကျိုက်မရော မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများနှင့်ရဲစခန်းများကို ဒရုန်းဖြင့် ဗုံးကျဲခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် လက် နက် ၆ လက်နှင့် ခဲယမ်းများရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂၀

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မော်လမြိုင်မြို့နယ်နှင့် ကျိုက်မရော မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း KNDO တပ်ရင်း ဒရုန်းတပ်ဖွဲ့ တာ၀န်ခံမှ ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၉ ရက်နေ့ မုဒုံမြို့ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ရဲတပ်သား ၂ ဦး နှင့် ရဲ မိန်းမဖြစ်သူ ၁ ဦးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်းနေ့ ညနေ ၃ နာရီ ၁၇ မိနစ်တွင် မော်လမြိုင်မြို့နယ်ရှိ အမရ တပ်ရင်း ၆၂ အမြောက်တပ် ဗဟိုကင်း ကို ဒရုန်းဖြင့် ဗုံးသီး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှု အခြေအနေ အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အလားတူ ညနေ ၃ နာရီ ၅၄ မိနစ်တွင် ကျိုက်မရောမြို့ရှိ ခမရ ၂၀၈ တပ်ရင်းကိုလည်း ဒရုန်းဖြင့် ဗုံးသီး ၁ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးဘဲ အကြမ်းဖက် စစ်တပ်က တပ်အတွင်းမှ လက်နက်ကြီး လက်နက်ငယ် မျိုးစုံဖြင့် ပြန်လည် ပစ်ခက်ခဲ့ကြောင်း၊ ထို့ပြင် ညနေ ၄ နာရီ ၃၁ မိနစ်ခန့်တွင် ကျိုက်မရောမြို့ရှ် အထွေထွေ အုပ်ချုပ်ရေးရုံး ကိုလည် ဗုံးသီး ၁ လုံးကျဲချခဲ့ပြီး စစ်ကောင်စီ လက်အောက်မှ ထွက်ခွာကြရန် သတိပေးစာ ပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို KNDO တပ်ရင်းနှင့် Alpha bats ဒရုန်းတပ်ဖွဲ့တို့က ပူပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်ရာ လက်နက် ၆ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း Lion Battalion စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဂျီဖက်က ပြောဆိုသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့ ဗိုလ်အယ်စေးဝါးဦး ဆောင်သော မဟာမိတ်ပူးပေါင်းတပ်ဖွဲများမှနယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဥ် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို ကြားဖြတ်တိုက်ခိုက်ရာ လက်နက် ၆ လက်နှင့် ခဲယမ်းများထပ်မံ သိမ်းဆည်းရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်က လက်လွှတ်ခဲ့ရသောချောင်းနှစ်ခွတံတားကိုပြန်လည်သိမ်းပိုက်နိုင်ရန် လေကြောင်းပစ်ကူများအသုံးပြု၍မြေပြင်ထိုးစစ်များနှင့်ထိုးစစ်ဆင်ခဲ့သော်လည်းကြားဖြတ်တိုက်ခိုက်ခံရပြီးလက်နက်၆လက်အားထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်မှအကျဆုံးစာရင်းများအားအတည်မပြုနိုင်သော်လည်း ဖရိုဖရဲဖြင့်ထွက်ပြေးဆုတ်ခွာသွားကြကြောင်း ရဲဘော်ဂျီဖက်က ရှင်းပြသည်။

“နိုဝင်ဘာလ ၁၆ ရက်နေ့ ရန်သူ့ဘက်က ဒီဘက်ကို ထိုးပြီးတက်လာတဲ့ စစ်ကြောင်းဘက်က တချို့ ကျွံဝင်သွားတဲ့စစ်ခွေးတွေကို ပစ်တဲ့အချိန်မှာ လက်နက်တွေကျန်ပြီး ထွက်ပြေးသွားတဲ့ကောင်တွေဆီကရတာပါ” ဟု ရဲဘော်ဂျီဖက်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article