26 C
Yangon

လွိုင်ကော်မြို့နယ်၊ နွားလဝိုးစစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိ

Must read

လွိုင်ကော်မြို့နယ်၊ နွားလဝိုးစစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ နွားလဝိုးစစ်ကောင်စီ တပ်စခန်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – PNDF တပ်ဖွဲ့က ထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၄ ရက်နေ့က လွိုင်လင်လေးအခြေစိုက်၊ အကြမ်းဖက်စစ်ကောင်စီ ခမရ ၅၃၀ ရှေ့တန်း တပ်ရင်းစခန်း တစ်ခုဖြစ်သည့် နွားလဝိုးစစ်ဆင်ရေးတပ်စခန်းကို ကရင်နီတော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့ များမှ တိုက်ခိုက်ခဲ့ရာ ၂ ရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများက လက် နက်ခဲယမ်းများ စွန့်ပစ်ကာ စခန်းမှထွက်ပြေးသဖြင့် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(PNDF) အမှတ် ၁၀၁၁ တပ်ရင်း ၊ KA ၊ KNDF၊ KNPLF ၊ DMO Local PDF၊ Loikaw PDF၊ မြို့ပြပြောက်ကြားတပ်ဦး(URF)၊နှင့် ရှမ်းတောင် ဗျူ ဟာ ၂ တပ်ရင်းများဖြစ်သော အမှတ် ၁၀၀၃ တပ်ရင်း ၊ အမှတ် ၁၀၀၅ တပ်ရင်း ရှမ်းတောင်(SSPDF)၊ အမှတ် ၁၀၀၈ တပ်ရင်း (SSRY) နှင့် အမှတ် ၁၀၀၉ တပ်ရင်း (IPDF) တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်စခန်းအနီးရှိ ပြည်သူလူထုနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး တော်လှန်ရေး ရဲဘော်အချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်ကောင်စီတပ်စခန်းများ တည်ရှိရာနေရာများကို အရှိန်အ ဟုန်မြင့်၍ ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် ထုတ်ပြန်ထားသော ထုတ်ပြန်ချက်များကို အစဉ်တစိုက်သတိပြုကြရန်နှင့် ပူးပေါင်းပါဝင်ပေးကြပါရန် ပအိုးအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ – PNDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article