25 C
Yangon

မြောင်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ၊ ကလေးတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ဘုရားကျောင်း ထိမှန် ပျက်စီး

Must read

မြောင်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၁၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ၊ ကလေးတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ဘုရားကျောင်း ထိမှန် ပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၂၁

စစ်ကိုင်းတိုင်း ၊မြောင်မြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးကျေးရွာများကို အကြမ်းဖက် စစ်တပ်က ၄ ရက်ဆက်တိုက် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေသပြည်သူ ၁၀၀၀ ကျော် အရေးပေါ်တိမ်းရှောင်နေရကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧရာဝတီမြစ်၏ အရှေ့ဘက် ညောင်တို၊ ဆင်းချောင်းရွာတွင် အထိုင်ချ တပ်စွဲထားသည့် အကြမ်းဖက် စစ်တပ်သည် နိုဝင်ဘာလ ၁၆ ရက်နေ့မှစတင်၍ နိုဝင်ဘာလ ၂၀ရက်နေ့အထိ မြောင်မြို့နယ် မြစ်နဖူး ကျေးရွာများကို လက်နက်ကြီးများဖြင့် နေ့စဥ်ပစ်ခတ်နေခြင်း ဖြစ်ကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်မှ သိရှိရသည်။

“တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒီတိုင်း ပစ်တယ်လို့ သိရပါတယ်”ဟု စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လက်ရှိချိန်တွင် စစ်ဘေးရှောင်ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကြောင်း၊ နေရပ်စွန့်ခွာထွက်ပြေးလာသူများတွင် ကလေးငယ်များ၊ မီးနေသည်မိခင်နှင့်ကလေးအပါအဝင် အဘိုးအဘွားများပါ ထွက်ပြေးတိမ်းရှောင်နေရသည့်အတွက် ကျန်းမာရေး အစောင့်အရှောက်များ အထူးလိုအပ်နေကြောင်း မြောင်လူငယ်ကွန်ရက်ထံမှ သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ကလေးမြို့တွင် အကြမ်းဖက်စစ်တပ် ပစ်ခတ်သည့် လက်နက်ကြီးကျရောက်၍ လက်ပံချောင်းကျေးရွာရှိ ဘုရားကျောင်း ထိခိုက်ပျက်စီးခဲ့ရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ယနေ့ နိုဝင်ဘာ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက်အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများနှင့် ဆက်တိုက်ပစ်ခတ်ခဲ့ရာ ကလေးမြို့မြောက်ပိုင်း လက်ပံချောင်းရွာရှိ သတ္တမနေ့ အသင်းတော် ဘုရားကျောင်းထိမှန်၍ ထိခိုက်ပျက်စီးခဲ့ရခြင်း ဖြစ်ကြောင်း ၊ အဆိုပါ ပစ်ခတ်မှုကြောင့် ကလေးမြောက်ပိုင်းရှိ ကျေးရွာအတော်များများမှ ဒေသပြည်သူများမှာ ထွက်ပြေး တမ်းရှောင်နေကြရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article