29 C
Yangon

ကိုးကန့်ဒေသရှိ စစ်တပ်၏ တပ်စခန်း ၃ ခုကို MNDAA က ထပ်မံ တိုက်ခိုက် သိမ်းပိုက်၊ ဟောင်ဝစ်ဇာ အမြောက်များ အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ကိုးကန့်ဒေသရှိ စစ်တပ်၏ တပ်စခန်း ၃ ခုကို MNDAA က ထပ်မံ တိုက်ခိုက် သိမ်းပိုက်၊ ဟောင်ဝစ်ဇာ အမြောက်များ အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

■ ကိုးကန့် MNDAA က စစ်တပ်၏ တပ်စခန်း စုစုပေါင်း ၁၆၁ ခုကို သိမ်းပိုက်ထား

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသရှိ စစ်တပ်၏ တပ်စခန်း ၃ ခုကို MNDAA က ထပ်မံ တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ဟောင်ဝစ်ဇာ အမြောက်များ အပါအဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း MNDAA ၏ ပြန်ကြားရေးဖြစ်သော The Kokaung က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် တုန်းရှမ်းဒေသ၊ တာကျူချင့် အနောက်တောင်ကုန်း ကြွယ်ပါးစခန်းကို MNDAA က ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ညနေပိုင်းတွင် MNDAA က ကိုးကန့်ဒေသ၏ မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ စစ်တပ်စခန်း ၃ ခုကို ထပ်မံ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ လက်ရှိချိန်တွင် မဟာမိတ်တပ်ဖွဲ့နှင့် ကိုးကန့် MNDAA က စစ်တပ်၏ တပ်စခန်းအကြီးအသေးစုစုပေါင်း ၁၆၁ ခုကို သိမ်းပိုက်ထားကြောင်း သိရပါသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် MNDAA က ဟုန်ရှင်းဒေသ ရှင့်ထန်အုပ်စု ၊ ချာလူကျိုင့်ရွာတွင် အခြေချထားသော အကြမ်းဖက် စစ်တပ် စခန်းကို ချဉ်းကပ်ပြီး ဒရုန်းဖြင့် ဗုံးပစ်တိုက်ခိုက်ခဲ့ပါကြောင်း၊ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်တွင် MNDAA က ခြေလျင်တပ်ဖြင့် ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်လာကာ မွန်းလွဲ ၁ နာရီ ၅၉ မိနစ်ခန့်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး စက်သေနတ် ၁ လက် ၊ ဗုံးသီး ၃၃ လုံး ၊ RPG ယမ်းအား ၂၅ ခုကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

ယင်းနေ့ နံနက် ၁၀ နာရီခန့်တွင် MNDAA က ရှီးရှမ်း‌ဒေသ ရှောက်ကိုင်အုပ်စု ၊ ဖောက်လုပ်တောင်တွင် အခြေချသော အကြမ်းဖက် စစ်တပ် စခန်းကို စတင်ထိုးစစ်ဆင်ပြီး ဒရုန်း ပစ်ကူမှု‌နှင့် ခြေလျင်တပ်ဖွဲ့က တစ်နေ့တာအတွင်း ၃ ကြိမ် ထိုးစစ်တိုက်ခိုက်ကာ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် သိမ်းပိုက် နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဖောက်လုပ်တောင်သည် နယ်စပ်မျဉ်းနှင့် နီးကပ်သောနေရာဖြစ်ပြီး ဖောက်လုပ်တောင်အဟောင်းနှင့် အသစ် ဟူ၍ရှိကာ လက်ရှိအချိန်တွင် ၎င်းနေရာရှိ စစ်တပ်စခန်းများကို MNDAA က တစ်ခုချင်းရှင်းထုတ်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် MNDAA က ရှင်းဝမ်ဒေသ ၊ ရှင်ဟွာအုပ်စု ၊ ရှောက်တင့်ပါးနေရာရှိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဟောင်ဝစ်ဇာ လက်နက်ကြီးများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် သိန္နီမြို့နယ်တွင် ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်မှ ၈ နာရီ ၄၃ မိနစ် အထိ MNDAA က မူပန်ခရိုင်၊ နန့်ပုံနေရာရှိ အကြမ်းဖက် စစ်တပ်၏ တပ်ရင်း ၂၉၁ စခန်းကို ၃ ကြိမ် ဗုံးပစ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article