စစ်ကိုင်းတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ CRSH က ပြဌာန်းသည့် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ပြင်ဆင်မှုဆိုင်ရာ ဥပဒေကို တော်လှန်ရေးအင်အားစု ၁၀၇ ဖွဲ့က ကန့်ကွက်
ရန်ကုန်၊ နိုဝင်ဘာ ၂၃
စစ်ကိုင်းတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ CRSH က ပြဌာန်းလိုက်သည့် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ပြင်ဆင်မှုဆိုင်ရာဥပဒေကို တော်လှန်ရေးအင်အားစု ၁၀၇ ဖွဲ့က ကန့်ကွက် စာထုတ်ပြန်ခဲ့ကြောင်း စစ်ကိုင်းဖိုရမ် စစ်ကိုင်းပြည် သူ ဖေးမကူကွန်ရက်လုပ်ငန်း အဖွဲ့ခေါင်းဆောင် ကိုစိုးဝင်းဆွေက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
လက်ရှိအချိန်သည် အကြမ်းဖက်စစ်ကောင်စီ အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် နိုင်ငံရေး၊စစ်ရေးအားဖြင့် အရှိန်မြှင့် ထိုးနှက်နေသော အဆုံးအဖြတ်ကာလဖြစ်သဖြင့် စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေး အင် အားစုများအကြား မဖြစ်မနေ စုစည်းညီညွတ်ရတော့မည့်အချိန်ဖြစ်ကြောင်း၊ အဆိုပါကာလတွင် စစ် ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ CRSH အနေဖြင့် စစ်ကိုင်း ဖက်ဒရယ်ယူနစ်၏ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ပြင်ဆင်မှုဆိုင်ရာဥပဒေကို ထုတ်ပြန်ကြေညာခဲ့ရာ ဒေသ တွင်း တော်လှန်အင်အားစုများ၏ သဘောဆန္ဒပါဝင်မှု မရှိသော ကြောင့် မြေပြင်ယုံကြည်မှု တည် ဆောက်ရေး အခက်အခဲများသာ ပိုမိုဖြစ်ပေါ်လာခဲ့ကြောင်း ထောက်ပြထားသည်။
“အဓိကတော့ ဘာကြောင့်လဲ ဆိုတော့ တစ်တိုင်းလုံးရဲ့ ကံကြမ္မနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ဆောင် ရွက်တဲ့နေရာမှာ ဒါကသာမန် ဥပဒေကို ပြုတာမဟုတ်ဘူးဗျာ၊ ဒါက တစ်တိုင်းလုံးရဲ့ ကံကြမ္မာကို ပြဌာန်း တဲ့ကိစ္စပါ၊ ဒီကိစ္စကို ကျနော်တို့နားလည်တာက ဥပဒေပြုရမယ့် ကိစ္စမဟုတ်ဘူး၊ တစ်တိုင်းလုံးမှာရှိတဲ့ တော်လှန်အင်အားစုတွေအနေနဲ့ နိုင်ငံရေးအရ ကျေလည်မှုတစ်ခုရအောင် လုပ်ပြီးတော့ပေါ့၊ ဒါမှမဟုတ် ရင် ကြေလည်နိုင်မယ့် အခင်းအကျင်းတစ်ရပ်ကို ဖြစ်အောင် ဥပမာ တိုင်းညီလာခံလိုမျိုး၊ ဖိုရမ်လိုမျိုး ခေါ်ယူပြီးမှ တစ်စုံတစ်ရာ ပြောဆိုညှိနှိုင်းပြီးပြီဆိုမှ ဆောင် ရွက်မယ့် ကိစ္စလို့မြင်တယ်၊ လောလောဆယ် မှာ စိတ်လောပြီးဆောင်ရွက်လိုက်တယ်လို့ ကျနော်တို့က နားလည်တယ်၊ တော်လှန်ရေးကလည်း စစ် ရှိန်က အရေးကြီးနေတဲ့အချိန်၊ စစ်ရှိန်က တက်နေတဲ့အချိန်မှာ တော်လှန်ဘက်သားအချင်းချင်း ကျနော် တို့ ညီညွတ်ရေး ပြိုကွဲစေတဲ့ လုပ်ရပ်မျိုးကိုတော့ နောင်လည်းမလုပ်စေချင်ဘူး၊ ဒါကြောင့်မို့လို့ ဒီလို ထုတ် ပြန်ချက်တွေ ထုတ်တာဖြစ်ပါတယ်၊” စစ်ကိုင်းဖိုရမ် စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်လုပ်ငန်း အဖွဲ့ခေါင်းဆောင် ကိုစိုးဝင်းဆွေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ပထမအကြိမ်ပြည်သူ့ညီလာခံက အတည်ပြုထားသော ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်၊ အစိတ်အပိုင်း(၂)၊ အခန်း(၈)၊ ပုဒ်မ ၅၃ ပါ ပြဋ္ဌာန်းချက်များအရ ဖက်ဒရယ်ယူနစ်ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ် သက် ၍ NUCC တွင် ညှိနှိုင်းဖြေရှင်းရန်လိုအပ်သကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရကလည်း ပြည် ထောင် စုအစိုးရနှင့် ဖက်ဒရယ်ယူနစ်များပူးပေါင်းဆောင်ရွက်ရေးကော်မရှင်(FSCC) ကိုဖွဲ့စည်းထားပြီး ဖြစ်ရာ အဆိုပါ အစုအဖွဲ့များ နှင့်လည်း ပေါင်းစပ်ညှိနှိုင်းပြီးမှ ကျေလည်မှုတစ်ခု ရယူသင့်ကြောင်း အကြံ ပြုထားသည်။
ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ CRSH က တဖက်သတ် ပြဋ္ဌာန်းခဲ့ သော စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ပြင်ဆင်မှုဆိုင်ရာ ဥပဒေအား အကောင် အထည်ဖော်ရန် ကြိုးပမ်းနေမှုများကို မိမိတို့ စစ်ကိုင်းဒေသခံ တော်လှန်ရေး အင် အားစုများ အနေဖြင့် လုံးဝလက်မခံကြောင်း၊ ဒေသတွင်း အနာဂတ်ရေးရာ ကိစ္စများဆောင်ရွက်ပါ က တော်လှန်ရေး ကာလ၏ တခုတည်းသော ကိုးကားရာဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်နှင့် အညီ တိုင်းတွင်းတော်လှန်ရေး အင်အားစုများ၊ ပြည်ထောင်စုအဆင့်တော်လှန်ရေးအင်အားစုများနှင့် ပေါင်းစပ်ညှိနှိုင်းပြီးမှသာ ဆောင်ရွက်သင့်ကြောင်း စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစု ၁၀၇ ဖွဲ့က ကန့်ကွက်ကြောင်း နိုဝင်ဘာလ ၂၂ ရက် နေ့စွဲဖြင့် ပူးတွဲသဘောထား ထုတ်ပြန်ထား သည်။
“ဒီထုတ်ပြန်ကြေညာချက်က တစ်စုတစ်ဖွဲ့ထဲက ရေးထားတဲ့ ထုတ်ပြန်ချက်မဟုတ်ပါဘူးဗျ၊ ကျနော်တို့ တိုင်းအတွင်းမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေ စုံညီအစည်းအဝေးခေါ်ပြီး အစည်းအဝေးမှာ အများ သဘောတူညီချက်နဲ့ ရေးသားပြီးတော့မှ အတည်ပြုထုတ်ပြန်တဲ့ ကြေညာချက်လည်းဖြစ်ပါတယ်” ဟု စစ်ကိုင်းဖိုရမ် စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်လုပ်ငန်းအဖွဲ့ခေါင်းဆောင် ကိုစိုးဝင်းဆွေက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
