28 C
Yangon

ငါန်းဇွန်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ မြင်းခြံမြို့နယ်တွင် စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

Must read

ငါန်းဇွန်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ မြင်းခြံမြို့နယ်တွင် စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၅

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများနှင့် စစ်ဆင်ရေး လုပ်ဆောင်နေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ငါးဇွန်မြို့နယ် မင်းနေကုန်းရွာ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက Shar Htoo Waw နည်းပညာ fixed wing drone ဖြင့် ဗုံးသီး ၅ လုံးတာဖြင့် ကျဲချ တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦး အပြင်းထန်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ငါးဇွန်မြို့နယ်၊ အောင်ချမ်းသာရွာ အနီး၌ ခရီးသွား ပြည်သူများကို လမ်းမပေါ်ထွက်ပြီး စစ်ဆေး ငွေတောင်းနေသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား အများအပြား ဒဏ်ရာ ရရှိသွားကြောင်း သိရှိရသည်။

ယင်းနေ့ နံနက် ၁၁ နာရီခန့်တွင် ငါးဇွန်မြို့နယ်၊ ပျဥ်းလှတောကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်သား ၅၀ ခန့်ကို ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ မွန်လွဲ ၂ နာရီခန့်တွင် ငါန်းဇွန်မြို့နယ် ပျဉ်းလှရွာ ဘုန်းကြီးကျောင်းရှိ စစ်သားများကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး စစ်သားများ တပ်ဆုတ်ကာ ထွက်ပြေးသွားကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊မြင်းခြံမြို့နယ်၊ ကွမ်းစိုက်ရွာနှင့် ခြေဆေးရွာကြားတွင် အကြမ်းဖက် စစ်ကား တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၄ ရက် နံနက် ၇ နာရီခန့်က မြင်းခြံမြို့ပေါ်မှ ခြေဆေးကျေးရွာသို့ ထွက် လာ သော အကြမ်းဖက် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ကားတစ်စီးကို ကွမ်းစိုက်ရွာနှင့် ခြေ ဆေး ရွာအကြား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၃ ဦးအ ပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်ကေင်စီတပ်သားမှ ဘေးပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်ပြီး ခြေဆေးရွာအထိ သွားရောက်ခြင်းမရှိပဲ ပြန်လည် ဆုတ်ခွာ သွားကြောင်း သိရသည်။

“ရွာတွေက ပေါ်တာဆွဲထားတဲ့ လူနာတင်ကားမျိုးနဲ့လာတာ၊ ကားပေါ်မှာ ၁၀ ယောက်လောက်တော့ ပါမယ်၊ ၃ ယောက်က ကားပေါ်မှာပဲသေသွားတယ်၊ ဒဏ်ရာရတာကလည်း ၃ ယောက်ဆိုတော့ လာတဲ့ ၁၀ ယောက်လောက်ထဲမှာ ၆ ယောက်လောက်သေဆုံးဒဏ်ရာရတာဆိုတော့ ရှေ့မတိုးပဲ ပြန်ဆုတ်သွားတာ၊ ဒဏ်ရာရတဲ့ ၃ ယောက်တော့ မြင်းခြံပြည်သူ့ဆေးရုံကြီးမှာ ပို့ထားတယ်လို့ သိရပါတယ်” ဟု Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT)နှင့် Natogyi Regional Defence Force (NRDF) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင် မြင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article