ပုလဲမြို့နယ်တွင် တော်လှန်ရေး ရုပ်ရှင်ပြပွဲနှင့် လူထုနိုင်ငံရေး ဟောပြောပွဲ ပြုလုပ်
ရန်ကုန်၊ နိုဝင်ဘာ ၂၅
ပုလဲမြို့နယ်တွင် ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ကော်မတီနှင့် ပုလဲသပိတ် ဦးဆောင်ကော်မတီတို့ပူးပေါင်းကာ ကြားကာလ ပညာရေးကျောင်းတစ်ကျောင်း၌ တော်လှန်ရေး ရုပ်ရှင်ပြပွဲနှင့် လူထုနိုင်ငံရေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

