ဆားလင်းကြီးတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ နိုဝင်ဘာ ၂၅
ဆားလင်းကြီးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနှင့် ကလေးငယ်များကို အကြမ်းဖက်မှု ပပျောက်ရေးနေ့အဖြစ် ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့၌ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒပြပွဲကို ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာတာဝန်ခံ (MoWYCA) ၊ လက်ပံတောင်းတောင်ပင်မသပိတ်နှင့် မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ တို့မှ ပြည်သူလူထုနှင့် အတူ ပူးပေါင်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

