25 C
Yangon

ဒရုန်းများကြောင့် အထိနာနေသော စစ်တပ်က နည်းပညာမြင့် ဒရုန်းများနှင့် ဒရုန်းပစ်ချနိုင်သည့် လက်နက်များ၊ ဒရုန်းများကို တားဆီးနိုင်သည့် Jammer ကွန်ရက်များ တပ်ဆင် ဝယ်ယူ ရရှိရေး အပူတပြင်းကြိုးပမ်းနေ

Must read

ဒရုန်းများကြောင့် အထိနာနေသော စစ်တပ်က နည်းပညာမြင့် ဒရုန်းများနှင့် ဒရုန်းပစ်ချနိုင်သည့် လက်နက်များ၊ ဒရုန်းများကို တားဆီးနိုင်သည့် Jammer ကွန်ရက်များ တပ်ဆင် ဝယ်ယူ ရရှိရေး အပူတပြင်းကြိုးပမ်းနေ

■ ထိုင်း၊ အိန္ဒိယ၊ တရုတ်၊ ရုရှား၊ မြောက်ကိုရီးယားနှင့် အစ္စရေးတို့ထံမှ ဝယ်ယူရရှိနိုင်ရေး ပုံစံမျိုးစုံဖြင့် ချည်းကပ်နေ

ရန်ကုန်၊ နိုဝင်ဘာ ၂၇

အကြမ်းဖက် စစ်ကောင်စီက နည်းပညာမြင့်၊ အဆင့်မြင့်ဒရုန်းများ၊ ဒရုန်းများကို ပစ်ချနိုင်သည့် လက်နက်များ ၊ ဒရုန်းများကို တားဆီးနိုင်သည့် Jammer ကွန်ရက်များ တပ်ဆင်ဝယ်ယူနိုင်ရေး အပူတပြင်း ကြိုးပမ်းနေကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်စခန်းအများစုကို ဒရုန်းများဖြင့် ပစ်ခတ်ပြီးမှ မြေပြင်တပ်များက ဝင်ရောက်သိမ်းခံရကြောင်း၊ တရုတ်နည်းပညာသုံး ဒရုန်းတားဆီးရေး ကွန်ရက်များ၊ Jammer များ တပ်ဆင်ထားသော်လည်း တားဆီးနိုင်ခြင်းမရှိဘဲ စစ်စခန်းများ ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

“လက်ရှိ သုံးနေတဲ့ဒရုန်းတွေ၊ ဒရုန်းတားဆီးတဲ့ Jammer တွေက ရှမ်းမြောက်က ဒရုန်းတွေကို မတားဆီးနိုင်လို့ ၁ လထဲမှာ စစ်စခန်းတွေ ဗျူဟာတွေ ဆုံးရှုံးနေတယ်။ အဲဒါကို ကာကွယ်နိုင်ဖို့အတွက် နည်းပညာမြင့်တဲ့ ဒရုန်းတွေ၊ ဒရုန်းတားဆီးရေး ကွန်ရက်တွေ၊ ဒရုန်းပစ်လက်နက်တွေ ရဖို့ လုပ်နေတာရှိပါတယ်။ အိမ်နီးချင်းနိုင်ငံတွေရယ်၊ ရုရှား၊ မြောက်ကိုရီးယား၊ အစ္စရေး စတဲ့ ဘယ်နိုင်ငံက ရရ ဝယ်ဖို့ ကြိုးပမ်းနေတာရှိပါတယ်။ ရတဲ့နိုင်ငံက ဝယ်ဖို့ လုပ်နေတာ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့တို့တွင် မြန်မာနိုင်ငံ လာရောက်ခဲ့သော ထိုင်းဘုရင့်တပ်မတော် လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul ၏ ခရီးစဉ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီက နည်းပညာမြင့် ဒရုန်းများ၊ ဒရုန်းကာကွယ်တားဆီးရေးကွန်ရက်များ ဝယ်ယူရရှိနိုင်ရေး မေတ္တာရပ်ခံမှုများရှိကြောင်း သိရှိရသည်။

ယခင်က တရုတ်နိုင်ငံမှ ဒရုန်းများနှင့် ဒရုန်းကာကွယ်ရေး Jammer များကို တရုတ်-မြန်မာနယ်စပ်မှ တစ်ဆင့် ဝယ်ယူမှုများရှိခဲ့သော်လည်း လက်တွေ့တွင် ဒရုန်းများကို ကာကွယ်တားဆီးနိုင်မှု မရှိကြောင်း၊ ထို့ကြောင့် နည်းပညာမြင့် ဒရုန်းများကို ဝယ်ယူနိုင်ရေး ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article