25 C
Yangon

ယမန်နေ့ ညတိုက်ပွဲကြောင့် မူဆယ် ၁၀၅ မိုင်ရှိ ကုန်ကားတချို့နှင့်ရုံးအဆောက်အအုံတချို့ ထိခိုက်ပျက်စီးပြီး ပြင်ပရှိ ဆိုင်ခန်းများနှင့်လူနေအိမ်တချို့လည်း ကျည်ထိမှန်

Must read

ယမန်နေ့ ညတိုက်ပွဲကြောင့် မူဆယ် ၁၀၅ မိုင်ရှိ ကုန်ကားတချို့နှင့်ရုံးအဆောက်အအုံတချို့ ထိခိုက်ပျက်စီးပြီး ပြင်ပရှိ ဆိုင်ခန်းများနှင့်လူနေအိမ်တချို့လည်း ကျည်ထိမှန်

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်တွင် ယမန်နေ့ ညပိုင်း တိုက်ပွဲပြင်းထန်ခဲ့မှုကြောင့် မူဆယ် ၁၀၅ မိုင် ကားကွင်းထဲတွင် ယာဉ်တချို့ နှင့်ရုံးအဆောက်အအုံတချို့ ထိခိုက်ပျက်စီးပြီး ပြင်ပရှိ ဆိုင်ခန်းများနှင့် လူနေအိမ်တချို့လည်း ကျည်ထိမှန်ကြောင်း မူဆယ်ဒေသပြည်သူများထံမှ သိရှိရသည်။

ယမန်နေ့ည ၇ နာရီ ၅၀ မိနစ်ကျော်အချိန်မှစတင်၍ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီး ဗျူဟာကုန်းတွင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားကြောင်း၊ စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်မှုများဖြင့် လုပ်ဆောင်ခဲ့ကြောင်း၊ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုကြောင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင်လည်း ထိခိုက်ပျက်စီးမှုများရှိကြောင်း၊ ပြည်သူ ၁ ဦးလည်း ထိခိုက်သေဆုံးခဲ့ကြောင်း သိရှိရသည်။

“မူဆယ် ၁၀၅ မိုင်ကွင်းထဲ ကားတချို့ထိခိုက်တယ်။မူဆယ် ၁၀၅ မိုင် ကားကွင်းအပြင်ဘက် ၁၀၅မိုင် ပန်ဆိုင်း လမ်းဆုံ ရဲစခန်းရှေ့ တိုက်တန်းအထိ ဆိုင်ခန်းတွေနဲ့ လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးမှုတွေရှိတယ်” ဟု မူဆယ် ဒေသပြည်သူတစ်ဦးက ဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၆ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ် ကျော်အချိန်မှစတင်၍ စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ် လေကြောင်းမှတိုက်ခိုက်မှုများရှိကြောင်း၊ ဒရုန်းများဖြင့်လည်း ဗုံးကျဲမှုများ ဆက်တိုက်‌ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

“မူဆယ် ၁၀၅မိုင် ဗျူဟာ၊ မူဆယ်အေးရှားလ်ဝါး နမ့်ပေါ်တံတားမှာ တိုက်ပွဲဖြစ်ပွားနေတယ်။ မူဆယ် ၁၀၅မိုင်ဗျူဟာ ဒရုန်းတွေနဲ့ ဆက်တိုက်ကျဲနေတယ်။ မူဆယ် ၁၀၅ မိုင်ဇုန်သွယ်ရေးဇုန်ကားကွင်းထဲ ဗုံး ၃လုံးကျရောက်ပါတယ်။ စစ်တပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေလည်းရှိနေတယ်။ ပြည်သူတွေကတော့ ညဘက်ကြီးဆိုတော့ ကိုယ့်အိမ်ထဲမှာပဲ ကိုယ်နေပြီး ဘုရားတနေရတယ်” ဟု မူဆယ်မြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် နှစ်ဖက်တိုက်ပွဲများအကြား ပြည်သူတချို့ ထိခိုက်သေဆုံးမှုရှိပြီး ကားသမားတစ်ဦးလည်း ကျည်ထိမှန်သေဆုံးကြောင်း မူဆယ်ဒေသပြည်သူတစ်ဦးက လူမှုကွန်ရက်တွင် သတင်းဖော်ပြခဲ့သည်။

“စိတ်မကောင်းပါဘူး ကားဆရာရေ ထိတယ်ကြားလို့ အကူညီပေးရအောင်အပြေးသွားပါတယ် အသက်မမှီတော့ဘူး ကောင်းရာမွန်ရာရောက်ပါစေဗျာ” ဟု မူဆယ်မြို့မှ ပြည်သူတစ်ဦးက လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article