ချောက်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ၊ စစ်တပ်ထုတ်ကုန်မသုံးစွဲရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ နိုဝင်ဘာ ၂၇
မကွေးတိုင်း ချောက်မြို့တွင် တော်လှန်ရေးလူငယ်အဖွဲ့မှ ‘စခ၊ရခ အလင်း၀င်မလား၊အဖမ်းခံမလား’၊
‘အကြမ်းဖက်စစ်တပ်အလိုကျ အုပ်ချုပ်မှုမရစေရ’၊ ‘အကြမ်းဖက်စစ်တပ်အလိုမရှိ’၊ ‘အရေးတော်ပုံအောင်တော့မည်’ စသည့် စာသားများ ချိတ်ဆွဲခြင်း ၊ ရေးသားခြင်း စာကပ်ခြင်းများ လုပ်ဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ၊ စစ်တပ်ထုတ်ကုန်မသုံးစွဲရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

