30 C
Yangon

မကွေး၊ ပဲခူးနှင့် စစ်ကိုင်းတိုင်းရှိ လင်းဇင်းတိုက်နယ်ရဲစခန်း၊ သူရဲသမိန်ရဲစခန်းနှင့်ကန်ဒေါင့်နယ်မြေရဲစခန်း အပါအဝင် ရဲစခန်း ၃ ခုကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်မှု ရဲ ၁ဦးသေဆုံးပြီး စခန်းတချို့ သိမ်းပိုက်ရရှိ

Must read

မကွေး၊ ပဲခူးနှင့် စစ်ကိုင်းတိုင်းရှိ လင်းဇင်းတိုက်နယ်ရဲစခန်း၊ သူရဲသမိန်ရဲစခန်းနှင့်ကန်ဒေါင့်နယ်မြေရဲစခန်း အပါအဝင် ရဲစခန်း ၃ ခုကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်မှု ရဲ ၁ဦးသေဆုံးပြီး စခန်းတချို့ သိမ်းပိုက်ရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂၇

မကွေး၊ ပဲခူးနှင့် စစ်ကိုင်းတိုင်းရှိ လင်းဇင်းတိုက်နယ်ရဲစခန်း၊ သူရဲသမိန်ရဲစခန်းနှင့်ကန်ဒေါင့်နယ်မြေရဲစခန်း အပါအဝင် ရဲစခန်း ၃ ခုကို ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ခိုက်ကြပြီး ရဲစခန်းတချို့ကို သိမ်းပိုက်ရရှိကြောင်း ဒေသကာကွယ်ရေးတပ်တချို့ထံမှ သိရှိရသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၀၀ နာရီ ၂၅ မိနစ်အချိန် မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်းကို ဒေါင်းညီနောင်မြို့ပြပြောက်ကျားတပ်ဖွဲ့က ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ရဲ ၁ ဦးသေဆုံးပြီး ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း ဒေါင်းညီနောင်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်သတ္တိက ပြောဆိုသည်။

” စလင်းမြို့နယ် လင်းဇင်းတိုက်နယ်ရဲစခန်းကို ၄၀ မမနဲ့ ပစ်ခတ်ခဲ့ရာမှာ ရဲတစ်ဦးသေပါတယ်။ တစ်ဦးအပြင်းအထန်

ဒဏ်ရာရရှိပါတယ်။ ရဲဘော်တွေလည်း အထိအခိုက်မရှိ ပြန်ဆုတ်နိင်ခဲ့တယ်” ဟု ဒေါင်းညီနောင်မြို့ပြပြောက် ကျားတပ်ဖွဲ့မှ ရဲဘော်သတ္တိကဆိုသည်။

အလားတူ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်အစောပိုင်း ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာရဲစခန်းကို ဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများစွာဖြင့် ထွက်ပြေးသွားပြီး စခန်းရရှိသည်ဟု သိရှိရကြောင်း ဒေသပြည်သူတချို့က ပြောဆိုသည်။

ထို့အတူ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၄နာရီ အချိန်မှ စတင်ပြီး စစ်ကိုင်းတိုင်း၊ပုလဲမြို့ နယ်၊ ပုလဲ-ဂန့်ဂေါလမ်းမပေါ်ရှိ ကန်ဒေါင့်နယ်မြေရဲစခန်းကို PDF တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ရာ နံနက်ပိုင်းအချိန်အထိ ဆက်လက် တိုက်ပွဲပြင်းထန်နေကြောင်း သိရှိရသည်။

“ရဲစခန်းနားက ရွာတွေ အိမ်တွေ အကုန်ပြေးနေရတယ်။ ရဟတ်ယာဉ်တွေနဲ့ လာပစ်နေလို့ ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article