26 C
Yangon

ကျောက်မဲနှင့် ကိုးကန့်ရှိ စစ်တပ်၏ တပ်စခန်း ၂ ခုကို ကိုးကန့် MNDAA က ထပ်မံသိမ်းပိုက်၊ ခမရ ၄၂၀ တပ်ရင်းမှ စစ်သား ၁ ဦးကို အရှင်ဖမ်းမိပြီး ခလရ ၇၉ တပ်ရင်းမှ တပ်ရင်းမှူး ၁ ဦး သေဆုံး

Must read

ကျောက်မဲနှင့် ကိုးကန့်ရှိ စစ်တပ်၏ တပ်စခန်း ၂ ခုကို ကိုးကန့် MNDAA က ထပ်မံသိမ်းပိုက်၊ ခမရ ၄၂၀ တပ်ရင်းမှ စစ်သား ၁ ဦးကို အရှင်ဖမ်းမိပြီး ခလရ ၇၉ တပ်ရင်းမှ တပ်ရင်းမှူး ၁ ဦး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်နှင့် ကိုးကန့်ဒေသရှိ အကြမ်းဖက် စစ်တပ် စခန်း ၂ ခုကို ကိုးကန့် MNDAA က ထပ်မံ သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAA ၏ ပြန်ကြားရေး The KoKang က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၂၆ ရက် ညနေ ၅ နာရီ မိနစ် ၃၀ ခန့်တွင် တုန်းရှမ်းဒေသ မှတ်တိုင် ၁၂၇ ဓာတ်အားပေး စက်ရုံ၌ အခြေချနေထိုင်သော စစ်ကောင်စီတပ်ဖွဲ့ကို MNDAA မှ လေကြောင်းပစ်ကူမှုဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ၁၇ မိနစ်ခန့်အကြာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၇ ရက် ည ၇ နာရီ ၃၁ မိနစ်တွင် ကျောက်မဲမြို့နယ်နှင့် လားရှို့းမြို့နယ်ကြားရှိ ခုတန် စေတီကုန်း High Point ၌ အခြေချနေထိုင်သော အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို MNDAA အင်အားတစ်စုနှင့် TNLA တပ်မဟာ ၂ တို့ပူးတွဲပြီး ခြေလျင်နှင့် ဒရုန်း ပူးပေါင်းစစ်ဆင်ရေး လုပ် ဆောင်ခဲ့ရာ ည ၈ နာရီ ၁ မိနစ်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့က မုံးကိုးခရိုင် ၊ မိုင်းပေါ်ဒေသ ၊ နန်တောက်အုပ်စု ၊ လုံခမ်းတိုက်ပွဲတွင် စစ် ကောင်စီ တပ်မ ၉၉ လက်အောက်ခံ တပ်ရင်း ၇၉ ၏ တပ်ရင်းမှူး တစ်ဦးကို ပစ်သတ်ချေမှုန်းနိုင်ခဲ့ပြီး ရုပ်အလောင်းကို ယင်းနေ့ နံနက်ပိုင်းတွင် မူဆယ်ဆေးရုံသို့ သယ်ဆောင်သွားကြောင်း၊ ထို့အပြင် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၂၀ တပ်သားတစ်ဦးကို ဒဏ်ရာဖြင့် ဖမ်းဆီးရရှိခဲ့ပြီး MNDAA တပ်ဖွဲ့မှ ဆေးဝါးကုသပေးထားကြောင်း သိရသည်။

၂၆ ရက်နေ့ ညနေ ၂ နာရီ ၄၅ မိနစ်ခန့်တွင် မူပန်(သိန္နီ)ခရိုင် ၊ မူပန်‌ဒေသ ၊ ဟိုပင်အုပ်စု ၊ မိုင်းတင်ရော် ဘာ ကုန်းနှင့် လက်ဖက်တောင်ကုန်းရှိ စစ်ကောင်စီစခန်းကို MNDAA မှ ဒရုန်းဖြင့် ၇ ကြိမ် တိုင်တိုင် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းကြီး၊ ငယ်စုစုပေါင်း ၁၇၈ ခုကို သိမ်းပိုက်ရရှိ ထားကြောင်း The Kokang က သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article