25 C
Yangon

မူဆယ် ၁၀၅ မိုင်ရှိ နမ္မတူ နွားခြံကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ၂ ဦးသေဆုံး၊ အသက် ၁၁ လနှင့် ၇ နှစ်အရွယ် ကလေးငယ် ၂ ဦးလည်း ပြင်းထန် ဒဏ်ရာရ

Must read

မူဆယ် ၁၀၅ မိုင်ရှိ နမ္မတူ နွားခြံကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ၂ ဦးသေဆုံး၊ အသက် ၁၁ လနှင့် ၇ နှစ်အရွယ် ကလေးငယ် ၂ ဦးလည်း ပြင်းထန် ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်ရှိ နမ္မတူနွားခြံကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်လာလ ၂၇ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ်က မူဆယ် ၁၀၅ မိုင်ရှိ နမ္မတူနွားခြံကို လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ် ခြင်းကြောင့် ကလေးငယ် ၁ ဦးနှင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“နွားခြံမှာ အလုပ်လုပ်တဲ့ ပြည်သူ ၁ ဦးနဲ့ ကလေးငယ် ၁ ဦးသေဆုံးတယ်လို့ သိရတယ်။ စစ်တပ်က တိုက်လေယာဥ်ကော ရိုးရိုး လေယာဥ်နဲ့ကော ပစ်တာ နောက်ဆုံးဗုံးပါကျဲသွားတယ်။ ၁၁ လ အရွယ်ကလေး ၁ ဦးလည်း ခေါင်းထိတယ်။ ၇ နှစ်ကလေးငယ် ၁ ဦးလည်း အူပွင့်ပြီး ဒဏ်ရာ ပြင်းထန်တယ်။ ကျန် လူကြီး ၁ ဦးလည်း ဒဏ်ရာအနည်းငယ်ရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article